Huawei ICT အသိအမှတ်ပြုလက်မှတ် အစီအစဉ် မိတ်ဆက်

Huawei မှ Huawei Asia Pacific ICT Talent Forum 2020 ကို ကျင်းပခဲ့ပြီး ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် အဖက်ဖက်မှ ပြည့်စုံတဲ့ ICT ကျွမ်းကျင်ပညာရှင် ဂေဟစနစ်တစ်ခု ဖန်တီးသွားမယ့် အသိအမှတ်ပြုလက်မှတ် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

Huawei ICT အသိအမှတ်ပြု လက်မှတ် အစီအစဉ်ကို Huawei Asia Pacific ICT အကယ်ဒမီမှာ ပါဝင်ခဲ့ကြတဲ့ သို့မဟုတ် ပါဝင်ရန် စီစဉ်ခဲ့ကြတဲ့ ICT လောကမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေနဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက် ဩဂုတ် ၄ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်အထိ ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပြီး စာမေးပွဲတွေကို အချိန်တိုအတွင်း ဖြေဆိုအောင်မြင်သူများကို ဦးရာလူစနစ်နဲ့ ဆု ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဆန်းသစ်တဲ့ နည်းပညာတွေ ထွက်ပေါ်လာခြင်းကြောင့် အခြေခံအဆင့် ICT အရည်အချင်းများနဲ့ မလုံလောက်တော့ပါဘူး။ Enterprise လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ အလုပ် လိုအပ်ချက်တွေကို ပြန်လည် သတ်မှတ်လာတာနဲ့ အမျှ အဲဒီ ICT အခင်းအကျင်းသစ်ကြောင့် ခန့်မှန်းခြေအနေနဲ့ ICT ကျွမ်းကျင်ပညာရှင် ၅ သန်းလောက် လိုအပ်လာလိမ့်မယ်။ ၂၀၂၀ ခုနှစ်မှာ ကျွန်တော်တို့ဟာ အာရှပစိဖိတ်ဒေသတွင်းမှာ Huawei ICT အကယ်ဒမီပေါင်း ၂၀၀ ကျော် တည်ဆောက်ပြီး ICT အသိအမှတ်ပြု လက်မှတ်ပေါင်း ၁၀၀၀၀ ကျော် ရရှိလာအောင် သင်ကြားလေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ ICT ကျွမ်းကျင်ပညာရှင် ဂေဟစနစ်စျေးကွက်ဟာ Huawei ရဲ့ ရေရှည် အကောင်အထည်ဖော်သွားမယ့် မဟာဗျူဟာတစ်ရပ် ဖြစ်ပြီး ကျွန်တော်တို့ဟာ တက္ကသိုလ်တွေ၊ ဒေသတွင်း HALP မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ကျောင်းသားတွေကို ကူညီဖို့နဲ့ ICT ဝန်ထမ်းတွေရဲ့ အလုပ်အကိုင်တွေမှာ ပြိုင်ဆိုင်မှု ပိုမိုမြင့်မားလာစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ Huawei Asia Pacific ရဲ့ ဒီဂျစ်တယ်အရာရှိချုပ်နှင့် အမှုဆောင် အတိုင်ပင်ခံအရာရှိ Micheal Macdonald က ပြောပါတယ်။

-သန္တာ