Huawei Honor 7X ကို အောက်တိုဘာ ၁၁ ရက်တွင် မိတ်ဆက်မည်

Huawei ဟာ mid-range Honor 6X နေရာဆက်ခံမယ့် ထုတ်ကုန်သစ်ကို အောက်တိုဘာ ၁၁ ရက်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီ ထုတ်ကုန်သစ်ကို Honor 7X လို့ ခေါ်ဆိုမယ်လို့ ကုမ္ပဏီက Weibo ကနေ ကြေညာခဲ့ပါတယ်။

ကောလာဟလသတင်းတွေအရ Honor 7X မှာ ၅.၅ လက်မ screen နဲ့ Kirin 670 chipset ပါဝင်လာမယ်လို့ သိရပါတယ်။ Memory က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်ပါတယ်။ ဒါ့အပြင် Android 7.1 အခြေခံ EMUI 5.1 ကိုလည်း Honor 7X မှာ အသုံးပြုထားတယ်လို့ ဆိုပါတယ်။

Honor 7X ရဲ့တန်ဖိုးက ဒေါ်လာ ၂၂၀ ကနေ ဒေါ်လာ ၂၇၀ ကြားအထိ ရှိမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena