Huawei GR5 2017 Premium ကို ပြည်တွင်းမှာ စတင် ဝယ်ယူနိုင်

Huawei က GR5 2017 ကို အဆင့်မြှင့်တင်ထားတဲ့ Huawei GR5 2017 Premium ကို မတ်လ ၈ ရက်ကနေ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

ဈေးနှုန်းကတော့ ၃၉၉,၀၀၀ ကျပ်လို့သိရပါတယ်။ မူလ GR5 2017 နဲ့ ကွဲပြားသွားတဲ့အချက်က မူလ GR5 2017 မှာ RAM 3GB၊ ROM 32GB တို့ကို ထည့်သွင်းထားပြီး GR5 2017 Premium

မှာတော့ RAM 4GB၊ ROM 64GB တို့ကို ထည့်သွင်းထားတယ်လို့ဆိုပါတယ်။ 12 MP နဲ့ 2MP အနောက်ကင်မရာတွေနဲ့ ၀.၃ စက္ကန့်အတွင်း autofocus ပြုလုပ်နိုင်စေတယ်လို့သိရပါတယ်။