Huawei Enjoy 20s စမတ်ဖုန်း ဓာတ်ပုံထွက်လာ

ပြီးခဲ့တဲ့အပတ်က Huawei ရဲ့ Enjoy 20s စမတ်ဖုန်းဓာတ်ပုံနဲ့ အသေးစိတ်တွေ TENAA မှာပေါ်လာပါတယ်။ ဘယ်အချိန်မှာ ကုမ္ပဏီက Enjoy 20s မိတ်ဆက်မလဲဆိုတာ မသိသေးပါဘူး။ Huawei Enjoy 20s ဓာတ်ပုံထွက်လာတဲ့အတွက် ဖုန်းမိတ်ဆက်မယ့်အချိန် မဝေးတော့ပါဘူး။

Huawei Enjoy 20s ကျောဘက်ကင်မရာ ၃ လုံး ဖြစ်ပြီး ဘေးဘက်မှာ fingerprint sensor လည်း ပါဝင်လာပါတယ်။ Huawei Enjoy 20s ကိုယ်ထည်က ရှည်လျားပါတယ်။ မျက်နှာပြင်အရွယ် ၆.၈ လက်မ LCD နဲ့ 1080p ရုပ်ထွက်အရည်အသွေး ရှိမယ်လို့ TENAA ကဖော်ပြထားပါတယ်။

Huawei Enjoy စီးရီးဖုန်းတွေကို တရုတ်နယ်စပ်မှာ Y စီးရီးနဲ့ အမည်နဲ့ ရောင်းချလေ့ရှိပါတယ်။ ဥရောပနဲ့ အာရှပစိဖိတ်ဒေသတွေမှာ Huawei Y10 ဒါမှမဟုတ် Y11 အဖြစ်လည်း ရောင်းချဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena