Huawei Day 2019 ပရိုမိုးရှင်းအစီအစဉ် ပြုလုပ်

[ Zawgyi ]




-အောင်သူ

[ Unicode ]

လစဉ်ပြုလုပ်နေကျဖြစ်တဲ့ Huawei Day အစီအစဉ်ကို သြဂုတ် ၁ ရက် မှ သြဂုတ်လ ၁၀ ရက် အထိ ပြုလုပ်သွားမှာဖြစ်ပြီး ယခင်လတွေနဲ့ မတူတဲ့ Cash Back အစီအစဉ်ကို ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Cash Back အစီအစဉ်မှာ HUAWEI nova 3i ဝယ်ယူသူတွေကို ၄၀,၀၀၀ ကျပ် Cashback, HUAWEI Y9 2019 ကို ဝယ်ယူသူတွေကို ၄၀,၀၀၀ ကျပ် Cashback, HUAWEI Y7 Pro 2019 (32GB Version) ဝယ်ယူသူတွေကို ၃၀,၀၀၀ ကျပ် Cashback,HUAWEI Y6 Pro 2019 ဝယ်ယူသူတွေကို ၁၅,၀၀၀ ကျပ် Cashback, HUAWEI Y5 2019 ဝယ်ယူသူတွေကို ၆,၀၀၀ ကျပ် Cashback, HUAWEI MediaPad T3 10 ဝယ်ယူသူတွေကို ၁၆,၀၀၀ ကျပ် Cashback, HUAWEI MediaPad T3 8 နဲ့ T3 7 ဝယ်ယူသူတွေကို ၁၀,၀၀၀ ကျပ် Cashback တွေ အသီးသီး ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။

Huawei Day ပရိုမိုးရှင်းအစီအစဉ်အတွင်း စမတ်ဖုန်းဝယ်ယူသူများမှ Cash Back အစီအစဉ်အပြင် Huawei Watch GT ၁၄ လုံး၊ Water Cooler ၂၄ လုံးနဲ့ Red Cooking Pot အလုံး ၄၀ ကိုလည်း ကံစမ်းခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ စိတ်ဝင်စားဖွယ်ရာ အစီအစဉ်အပြင် Huawei စမတ်ဖုန်း ဝယ်ယူသူများမှ Free Bud Lite, Bluetooth Speaker နဲ့ Huawei Bag တွေကို လက်ဆောင်အနေနဲ့ ရရှိမှာဖြစ်သလို မြန်မာငွေကျပ် ၂ သိန်းနဲ့ အထက် ဝယ်ယူသူတွေကို သတ်မှတ်ထားတဲ့ လက်ဆောင်တွေအပြင် PowerBank ကို ထပ်မံပြီး လက်ဆောင် ပေးအပ်သွားမယ်လို့ သိရပါတယ်။