Huawei ႏွင့္ WowBox တို႔ပူးေပါင္း၍ Application တစ္ခုမိတ္ဆက္

[ Zawgyi ]

Huawei နဲ႔ WowBox တို႔ပူးေပါင္းၿပီး Application တစ္ခုမိတ္ဆက္ လိုက္ပါတယ္။

အြန္လိုင္းေပၚကေန ဗီဒီယိုေတြကို တိုက္႐ိုက္ၾကည့္ႏိုင္မယ့္ App အသစ္တစ္ခုကို မိတ္ဆက္တာျဖစ္ၿပီး WowPlay လို႔ နာမည္ေပးထားေၾကာင္း၊ android app ျဖစ္ၿပီး Telenor အသံုးျပဳသူေတြ အတြက္ျဖစ္ေၾကာင္း သိရပါတယ္။ “ဒီအစီအစဥ္ကို Huawei နဲ႔ ပူးေပါင္းၿပီး တစ္ႏွစ္ေက်ာ္ၾကာ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္” လို႔ Telenor Myanmar ရဲ႕ ေစ်းကြက္ေဖာ္ေဆာင္ေရး အရာရွိခ်ဳပ္ Joslin Myrthong က ေျပာပါတယ္။

WowPlay အသံုးျပဳသူေတြအေနနဲ႔ မိမိတို႔အႀကိဳက္ႏွစ္သက္ဆံုး ဗီဒီယိုဇာတ္ကားေတြကို စာရင္းျပဳစုၿပီး စုေဆာင္းထားႏိုင္ဖုိ႔ ေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။ အသံုးျပဳသူေတြအေနနဲ႔ ႀကိဳက္ႏွစ္သက္တဲ့ ဗီဒီယိုေတြကို offline ၾကည့္ရႈႏိုင္ဖို႔ မိုဘိုင္းဖုန္း သိုေလွာင္မႈကို အသံုးျပဳစရာမလိုဘဲ Downlad ရယူထားႏိုင္တယ္လို႔ သိရပါတယ္။ Application မွာ ပါဝင္တဲ့ ဗီဒီယိုအမ်ားစုကို ၾကည့္ရႈခ အခမဲ့နဲ႔ ၾကည့္ရႈႏိုင္မွာျဖစ္ေၾကာင္း၊ App ကို Telenor ရဲ႕ ဝက္ဘ္ဆိုက္နဲ႔ Google play store မွာ အခမဲ့ရယူႏိုင္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

=============

[ Unicode ]

Huawei နှင့် WowBox တို့ပူးပေါင်း၍ Application တစ်ခုမိတ်ဆက်

=============

Huawei နဲ့ WowBox တို့ပူးပေါင်းပြီး Application တစ်ခုမိတ်ဆက် လိုက်ပါတယ်။

အွန်လိုင်းပေါ်ကနေ ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်နိုင်မယ့် App အသစ်တစ်ခုကို မိတ်ဆက်တာဖြစ်ပြီး WowPlay လို့ နာမည်ပေးထားကြောင်း၊ android app ဖြစ်ပြီး Telenor အသုံးပြုသူတွေ အတွက်ဖြစ်ကြောင်း သိရပါတယ်။ “ဒီအစီအစဉ်ကို Huawei နဲ့ ပူးပေါင်းပြီး တစ်နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ Telenor Myanmar ရဲ့ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောပါတယ်။

WowPlay အသုံးပြုသူတွေအနေနဲ့ မိမိတို့အကြိုက်နှစ်သက်ဆုံး ဗီဒီယိုဇာတ်ကားတွေကို စာရင်းပြုစုပြီး စုဆောင်းထားနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကြိုက်နှစ်သက်တဲ့ ဗီဒီယိုတွေကို offline ကြည့်ရှုနိုင်ဖို့ မိုဘိုင်းဖုန်း သိုလှောင်မှုကို အသုံးပြုစရာမလိုဘဲ Downlad ရယူထားနိုင်တယ်လို့ သိရပါတယ်။ Application မှာ ပါဝင်တဲ့ ဗီဒီယိုအများစုကို ကြည့်ရှုခ အခမဲ့နဲ့ ကြည့်ရှုနိုင်မှာဖြစ်ကြောင်း၊ App ကို Telenor ရဲ့ ဝက်ဘ်ဆိုက်နဲ့ Google play store မှာ အခမဲ့ရယူနိုင်ကြောင်း သိရပါတယ်။

-ထွန်းထွန်း