Huawei ၏ Innovation day 2018 က်င္းပ

[ Zawgyi ]

Huawei က က်င္းပေနက် Innovation day ကို ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕မွာ ဇြန္ ၆ ရက္နဲ႔ ၇ ရက္ေတြမွာ က်င္းပေနပါတယ္။

သိပၸံပညာရပ္ဆိုင္ရာသုေတသန၊ ဆန္းသစ္တီထြင္မႈ အစရွိတဲ့နယ္ပယ္အသီးသီးမွာ တီထြင္ဖန္တီးမႈေတြကို သက္ဆိုင္ရာပညာရွင္ေတြက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ေဒသဆိုင္ရာအသီးသီးမွာ တီထြင္ဖန္တီးမႈဆိုင္ရာ နယ္ပယ္က ထြန္းကားလာေၾကာင္း၊ ဒါေၾကာင့္ဆန္းသစ္တီထြင္မႈက လိုအပ္လာေၾကာင္း အခမ္းအနားတက္ေရာက္တဲ့ ပညာရွင္အသီးသီးက ေျပာပါတယ္။

“တီထြင္ဖန္တီးမႈမွာ အေရးႀကီးဆံုးအရာက အေျခခံအေဆာက္အဦ ေစ်းကြက္ ေတြကိုၾကည့္ရမယ္ ၿပီးေတာ့ Culture ကိုလည္း ၾကည့္ရပါမယ္၊ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံမွာ အသံုးျပဳတဲ့ပံုစံခ်င္းလည္း မတူတာမို႔သတိထားရတာျဖစ္ပါတယ္” လို႔ ITU regional ရံုးရဲ႕ အာရွပစိဖိတ္ဆိုင္ရာ programme coordinater ျဖစ္သူ Ashish Narayan ကေျပာပါတယ္။ အာရွပစိဖိတ္ေဒသအတြက္ အီလက္ထရြန္းနစ္ အေျချပဳ စိုက္ပ်ိဳးေရး (e-Agriculture ) solution ေတြ လိုအပ္ေနတာေတာ့ အေသအခ်ျဖစ္ေၾကာင္း အခမ္းအနားမွာ ပညာရွင္ေတြက ေျပာပါတယ္။

Huawei အေနနဲ႔ အဲဒီအခမ္းအနားကို ၂၀၁၃ ခုႏွစ္ကတည္းက စတင္က်င္းပခဲ့ျဖစ္ၿပီး လန္ဒန္၊ မီလန္၊ ပဲရစ္၊ ျမဴးနစ္၊ ဆစ္ဒနီ၊ စင္ကာပူ၊ မေလးရွားႏိုင္ငံေတြမွာ က်င္းပခဲ့ၿပီး အခုအခါမွာေတာ့ ထိုင္းႏိုင္ငံမွာ က်င္းပတာျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

Huawei က ကျင်းပနေကျ Innovation day ကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဇွန် ၆ ရက်နဲ့ ရ ရက်တွေမှာ ကျင်းပနေပါတယ်။

သိပ္ပံပညာရပ်ဆိုင်ရာသုတေသန၊ ဆန်းသစ်တီထွင်မှု အစရှိတဲ့နယ်ပယ်အသီးသီးမှာ တီထွင်ဖန်တီးမှုတွေကို သက်ဆိုင်ရာပညာရှင်တွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာအသီးသီးမှာ တီထွင်ဖန်တီးမှုဆိုင်ရာ နယ်ပယ်က ထွန်းကားလာကြောင်း၊ ဒါကြောင့်ဆန်းသစ်တီထွင်မှုက လိုအပ်လာကြောင်း အခမ်းအနားတက်ရောက်တဲ့ ပညာရှင်အသီးသီးက ပြောပါတယ်။

“တီထွင်ဖန်တီးမှုမှာ အရေးကြီးဆုံးအရာက အခြေခံအဆောက်အဦ စျေးကွက် တွေကိုကြည့်ရမယ် ပြီးတော့ Culture ကိုလည်း ကြည့်ရပါမယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ အသုံးပြုတဲ့ပုံစံချင်းလည်း မတူတာမို့သတိထားရတာဖြစ်ပါတယ်” လို့ ITU regional ရုံးရဲ့ အာရှပစိဖိတ်ဆိုင်ရာ programme coordinater ဖြစ်သူ Ashish Narayan ကပြောပါတယ်။ အာရှပစိဖိတ်ဒေသအတွက် အီလက်ထရွန်းနစ် အခြေပြု စိုက်ပျိုးရေး (e-Agriculture ) solution တွေ လိုအပ်နေတာတော့ အသေအချဖြစ်ကြောင်း အခမ်းအနားမှာ ပညာရှင်တွေက ပြောပါတယ်။

Huawei အနေနဲ့ အဲဒီအခမ်းအနားကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ဖြစ်ပြီး လန်ဒန်၊ မီလန်၊ ပဲရစ်၊ မြူးနစ်၊ ဆစ်ဒနီ၊ စင်ကာပူ၊ မလေးရှားနိုင်ငံတွေမှာ ကျင်းပခဲ့ပြီး အခုအခါမှာတော့ ထိုင်းနိုင်ငံမှာ ကျင်းပတာဖြစ်ပါတယ်။

-ထွန်းထွန်း