Huawei ၏ Care Myanmar မှ အိမ်ထောင်စု ၅၀၀ အတွက် စားသောက်ကုန်ပစ္စည်းများ လှူဒါန်း

ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ လိုအပ်တဲ့ နေရာတွေကို လှူဒါန်းမှုများပြုလုပ်နေတဲ့ ရန်ကုန်အခြေပြု ပရဟိတအဖွဲ့ Clean Yangon နဲ့ Huawei တို့ ပူးပေါင်းပြီး ဒလမြို့နယ်ရှိ အိမ်ခြေ (၅၀၀) အတွက် တန်ဖိုးငွေကျပ် (၇၅) သိန်းရှိတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော်တို့က လိုအပ်တဲ့အရာတွေကို ပံ့ပိုးပေးပြီး အစိုးရနဲ့အတူ COVID-19 တိုက်ဖျက်ရေးမှာ အစောပိုင်းကတည်းက ပါဝင်လုပ်ဆောင်နေပါတယ်။ ဒီတစ်ခေါက်ကတော့ ပြည်သူအကျိုးပြုလုပ်ငန်းများကို ပိုမို အဓိကထားဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် Clean Yangon နဲ့ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရစ် ပျံ့ပွားမှုကြောင့် အလုပ်အကိုင် မရှိဘဲ ဝင်ငွေအခက်အခဲ ဖြစ်နေတဲ့သူတွေကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်လို့” လို့ Huawei Myanmar ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Ding Zhaoyi ကပြောကြားခဲ့ပါတယ်။

Huawei Myanmar အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့နှံ့နေတဲ့ ကာလအတွင်း မြန်မာလူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများကို ကူညီပံ့ပိုးပေးရန် ရည်ရွယ်ချက်နဲ့ အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ Mask နဲ့ အခြားသော လူသုံးကုန်ပစ္စည်းများကို လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««