Huawei အေပၚ အေမရိကန္ ေလွ်ာ႔တြက္ထားဟု ကုမၸဏီတည္ေထာင္သူ ေျပာၾကား

[ Zawgyi ]

အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံက Huawei ကုမၸဏီအေပၚ ခ်မွတ္ထားတဲ့ ကုန္သြယ္ေရးတင္းၾကပ္မႈ ယာယီေျဖေလွ်ာ့ေပးလိုက္ပါတယ္။ အခု အေျပာင္းအလဲဟာ သုံးစြဲသူေတြအတြက္ အေႏွာင့္အယွက္အနည္းဆုံး ျဖစ္ေပၚေအာင္ ျပဳလုပ္ေပးလုိက္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ Huawei အေနနဲ႔ အေမရိကန္ လုပ္ရပ္အတြက္ ျပင္ဆင္ထားတယ္လို႔ ကုမၸဏီတည္ေထာင္သူက ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

အေမရိကန္ကုန္သြယ္ေရးဌာန အေနနဲ႔ Huawei ဟန္းဆက္ေတြကို software update ေထာက္ပံ့ေပးဖို႔နဲ႔ ကြန္ရက္ေတြကို ထိန္းသိမ္းဖို႔ အေမရိကန္ကုန္ပစၥည္းေတြ ဝယ္ယူဖို႔ကုိ ခြင့္ျပဳေပးသြားပါမယ္။

Huawei မွာ လိုင္စင္ခြင့္ျပဳခ်က္ေတြ မရွိဘဲ ထုတ္ကုန္သစ္ေတြ ထုတ္လုပ္ဖို႔ အေမရိကန္အစိတ္အပုိင္းနဲ႔ ပါဝင္တဲ့ ကိရိယာေတြကို ဝယ္ယူမႈကို ပိတ္ပင္ခံေနရပါေသးတယ္။ အဲဒီ လိုင္စင္ခြင့္ျပဳခ်က္ကလည္း ျငင္းဆုိခံရဖုိ႔ မ်ားပါတယ္။

ႏိုင္ငံေတာ္လုံၿခဳံေရး ဒါမွမဟုတ္ ႏိုင္ငံျခားေရးေပၚလစီ အက်ိဳးအျမတ္နဲ႔ ဆန္႔က်င္တဲ့ ကိစၥေတြမွာ Huawei ရဲ႕ ပါဝင္မႈေၾကာင့္ ကုန္သြယ္ေရးတားျမစ္ခ်က္ကုိ ခ်မွတ္လိုက္တာျဖစ္တယ္လို႔ အေမရိကန္အစိုးရက ေျပာထားပါတယ္။

အာဏာသက္ေရာက္မႈအသစ္က Huawei ကိရိယာေတြ အသုံးျပဳေနတဲ့ ဆက္သြယ္ေရးေအာ္ပေရတာေတြ အျခားအစီအစဥ္ေတြ ျပဳလုပ္ႏိုင္ဖို႔ အခ်ိန္ေပးတာျဖစ္တယ္လို႔ အေမရိကန္ကုန္သြယ္ေရးဝန္ႀကီးက ထုတ္ျပန္သြားခဲ့ပါတယ္။

အခု လိုင္စင္ခြင့္ျပဳခ်က္ဟာ ၾသဂုတ္လ ၁၉ ရက္အထိ သက္ေရာက္မွာျဖစ္ပါတယ္။ Huawei အေနနဲ႔ အေျပာင္းအလဲျပဳလုပ္ဖို႔ ရက္ ၉၀ အခ်ိန္ရရွိမွာ ျဖစ္ပါတယ္။ Huawei ရဲ႕ supply chain ဟာ သုံးစြဲသူအတြက္ မလိုလားအပ္တဲ့ အေျခအေနေတြ၊ ျပႆနာေတြနဲ႔ ႐ုတ္တရက္ အေျခအေနေတြ အတြက္ အေျပာင္းအလဲလုပ္ဖုိ႔ အဆိုျပဳတာ ျဖစ္ပါတယ္။

Huawei တည္ေထာင္သူ ရန္က်န္းဖိန္ကေတာ့ အခုကိစၥအတြက္ ျပင္ဆင္မႈျပဳလုပ္ေနတဲ့ ယာယီျပစ္ဒဏ္ေလ်ာ႔ေပါ့မႈက အနည္းငယ္း ပ်င္းစရာေကာင္းတယ္လို႔ ေျပာခဲ့ပါတယ္။
“အခုအခိုက္အတန္႔မွာ အေမရိကန္အစိုးရရဲ႕ လုပ္ရပ္က ကၽြန္ေတ္ာတို႔ စြမ္းေဆာင္မႈကို ေလွ်ာ႔တြက္တာျဖစ္တယ္” CCTV နဲ႔အင္တာဗ်ဴးမွာ ရန္က်န္းဖိန္ကေျပာခဲ့ပါတယ္။

Huawei ဟာ အေမရိကန္ကုမၸဏီေတြနဲ႔ မဟုတ္ဘဲ အေမရိကန္အစိုးရနဲ႔ အခ်င္းမ်ားတာ ျဖစ္ေၾကာင္း၊ အေမရိကန္က ခ်စ္ပ္ေတြကို ဝယ္ယူမႈကုိ ရပ္တန္႔သြားမွာ မဟုတ္ဘဲ ဝယ္ယူဖို႔ စြမ္းေဆာင္ႏိုင္ေၾကာင္း ရန္က်န္းဖိန္ကေျပာၾကားခဲ့ပါတယ္။

အေမရိကန္ ကုန္သြယ္ေရးဌာနအေနနဲ႔ Huawei အေပၚခြင့္ျပဳထားတဲ့ ရက္ ၉၀ လိုင္စင္ခြင့္ျပဳခ်က္ ေက်ာ္လြန္တဲ့အခါ ဆက္လက္ တိုးျမႇင့္ေပးျခင္း ရွိ၊ မရွိကို ျပန္လည္သုံးသပ္မယ္လို႔ ေျပာၾကားထားပါတယ္။

ကုန္သြယ္ေရးဌာနဟာ ၾကာသပေတးေန႔က Huawei နဲ႔ ကုမၸဏီ ၆၈ ခုကုိ အေမရိကန္ႏိုင္ငံအတြင္းက ထုတ္လုပ္တဲ့ ကုန္ပစၥည္းေတြ ဝယ္ယူဖို႔အတြက္ မျဖစ္ႏိုင္ေအာင္ ပုိ႔ကုန္လုပ္ငန္း အမည္ပ်က္စာရင္းသြင္းထားပါတယ္။

အီရန္ႏိုင္ငံအတြင္း အေမရိကန္ကုန္ပစၥည္းေတြနဲ႔ ဝန္ေဆာင္မႈေတြကို သေဘာၤနဲ႔တင္ပုိ႔ဖို႔ ဘဏ္လုပ္ငန္းဆုိင္ရာ လိမ္လည္မႈနဲ႔ ႏိုင္ငံတကာဘဏ္စနစ္ကေန ႏိုင္ငံအျပင္ဘက္ကုိ ေငြေၾကးေရႊ႕ေျပာင္းမႈတို႔အတြက္ Huawei ကုိ အေမရိကန္က စြပ္စြဲထားပါတယ္။ စြပ္စြဲမႈနဲ႔အတူ အေမရိကန္က Huawei ကိုဆိုင္းငံ့အမႈအျဖစ္ အမည္ပ်က္စာရင္းသြင္းလိုက္ပါတယ္။

စုိးထက္
Ref: Reuters

[ Unicode ]

အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံက Huawei ကုမ္ပဏီအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးတင်းကြပ်မှု ယာယီဖြေလျှော့ပေးလိုက်ပါတယ်။ အခု အပြောင်းအလဲဟာ သုံးစွဲသူတွေအတွက် အနှောင့်အယှက်အနည်းဆုံး ဖြစ်ပေါ်အောင် ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Huawei အနေနဲ့ အမေရိကန် လုပ်ရပ်အတွက် ပြင်ဆင်ထားတယ်လို့ ကုမ္ပဏီတည်ထောင်သူက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ကုန်သွယ်ရေးဌာန အနေနဲ့ Huawei ဟန်းဆက်တွေကို software update ထောက်ပံ့ပေးဖို့နဲ့ ကွန်ရက်တွေကို ထိန်းသိမ်းဖို့ အမေရိကန်ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ကို ခွင့်ပြုပေးသွားပါမယ်။

Huawei မှာလိုင်စင်ခွင့်ပြုချက်တွေ မရှိဘဲ ထုတ်ကုန်သစ်တွေ ထုတ်လုပ်ဖို့ အမေရိကန်အစိတ်အပိုင်းနဲ့ ပါဝင်တဲ့ ကိရိယာတွေကို ဝယ်ယူမှုကို ပိတ်ပင်ခံနေရပါသေးတယ်။ အဲဒီ လိုင်စင်ခွင့်ပြုချက်ကလည်း ငြင်းဆိုခံရဖို့ များပါတယ်။

နိုင်ငံတော်လုံခြုံရေး ဒါမှမဟုတ် နိုင်ငံခြားရေးပေါ်လစီ အကျိုးအမြတ်နဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေမှာ Huawei ရဲ့ ပါဝင်မှုကြောင့် ကုန်သွယ်ရေးတားမြစ်ချက်ကို ချမှတ်လိုက်တာဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောထားပါတယ်။

အာဏာသက်ရောက်မှုအသစ်က Huawei ကိရိယာတွေ အသုံးပြုနေတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေ အခြားအစီအစဉ်တွေ ပြုလုပ်နိုင်ဖို့ အချိန်ပေးတာဖြစ်တယ်လို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးက ထုတ်ပြန်သွားခဲ့ပါတယ်။

အခု လိုင်စင်ခွင့်ပြုချက်ဟာ သြဂုတ်လ ၁၉ ရက်အထိ သက်ရောက်မှာဖြစ်ပါတယ်။ Huawei အနေနဲ့ အပြောင်းအလဲပြုလုပ်ဖို့ ရက် ၉၀ အချိန်ရရှိမှာ ဖြစ်ပါတယ်။ Huawei ရဲ့ supply chain ဟာ သုံးစွဲသူအတွက် မလိုလားအပ်တဲ့ အခြေအနေတွေ၊ ပြဿနာတွေနဲ့ ရုတ်တရက် အခြေအနေတွေ အတွက် အပြောင်းအလဲလုပ်ဖို့ အဆိုပြုတာ ဖြစ်ပါတယ်။

Huawei တည်ထောင်သူ ရန်ကျန်းဖိန်ကတော့ အခုကိစ္စအတွက် ပြင်ဆင်မှုပြုလုပ်နေတဲ့ ယာယီပြစ်ဒဏ်လျော့ပေါ့မှုက အနည်းငယ်း ပျင်းစရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။
“အခုအခိုက်အတန့်မှာ အမေရိကန်အစိုးရရဲ့ လုပ်ရပ်က ကျွန်တေ်ာတို့ စွမ်းဆောင်မှုကို လျှော့တွက်တာဖြစ်တယ်” CCTV နဲ့အင်တာဗျူးမှာ ရန်ကျန်းဖိန်ကပြောခဲ့ပါတယ်။

Huawei ဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ မဟုတ်ဘဲ အမေရိကန်အစိုးရနဲ့ အချင်းများတာ ဖြစ်ကြောင်း၊ အမေရိကန်က ချစ်ပ်တွေကို ဝယ်ယူမှုကို ရပ်တန့်သွားမှာ မဟုတ်ဘဲ ဝယ်ယူဖို့ စွမ်းဆောင်နိုင်ကြောင်း ရန်ကျန်းဖိန်ကပြောကြားခဲ့ပါတယ်။

အမေရိကန် ကုန်သွယ်ရေးဌာနအနေနဲ့ Huawei အပေါ်ခွင့်ပြုထားတဲ့ ရက် ၉၀ လိုင်စင်ခွင့်ပြုချက် ကျော်လွန်တဲ့အခါ ဆက်လက် တိုးမြှင့်ပေးခြင်း ရှိ၊ မရှိကို ပြန်လည်သုံးသပ်မယ်လို့ ပြောကြားထားပါတယ်။

ကုန်သွယ်ရေးဌာနဟာ ကြာသပတေးနေ့က Huawei နဲ့ ကုမ္ပဏီ ၆၈ ခုကို အမေရိကန်နိုင်ငံအတွင်းက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် မဖြစ်နိုင်အောင် ပို့ကုန်လုပ်ငန်း အမည်ပျက်စာရင်းသွင်းထားပါတယ်။

အီရန်နိုင်ငံအတွင်း အမေရိကန်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို သဘောင်္နဲ့တင်ပို့ဖို့ ဘဏ်လုပ်ငန်းဆိုင်ရာ လိမ်လည်မှုနဲ့ နိုင်ငံတကာဘဏ်စနစ်ကနေ နိုင်ငံအပြင်ဘက်ကို ငွေကြေးရွှေ့ပြောင်းမှုတို့အတွက် Huawei ကို အမေရိကန်က စွပ်စွဲထားပါတယ်။ စွပ်စွဲမှုနဲ့အတူ အမေရိကန်က Huawei ကိုဆိုင်းငံ့အမှုအဖြစ် အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။

Ref: Reuters