Huawei အတွက် 5G ချစ်ပ်တွေ ရောင်းချလိုတဲ့ Qualcomm

အမေရိကန်က Huawei အပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုက chipset ထုတ်လုပ်ရေးကိုပါ ထိခိုက်လိုက်ပါတယ်။ Huawei ပိုင် Hisilicon Kirin ပရိုဆက်ဆာ ထုတ်လုပ်ဖို့ ချစ်ကုမ္ပဏီ TSMC ကိုတားဆီးထားပါတယ်။

ဒါကြောင့် Huawei က အသစ်ထွက်မယ့် Mate 40 စီးရီးဖုန်းဟာ Kirin ပရိုဆက်ဆာ အသုံးပြုထားတဲ့ နောက်ဆုံးထုတ်ကုန်လို့ ပြောထားပါတယ်။ Huawei အနေနဲ့ အခြားကုမ္ပဏီတစ်ခုဆီကနေ အဆင့်မြင့် chipset ယူဖို့ လိုနေပါပြီ။

အမေရိကန်ကုန်သွယ်ရေး ပိတ်ဆို့မှုကြောင့် ပရိုဆက်ဆာချစ်ပ်တွေ ကုန်ဆုံးသွားပြီလို့ Huawei က ပြောထားပါတယ်။ လာမယ့်အတွင်း ကိုယ်ပိုင် Kirin chipset တွေကို ဆက်မထုတ်နိုင်တော့ဘူးလို့ Huawei စီအီးအို ရစ်ချတ်ယူက ပြောထားပါတယ်။

အခုဆိုရင် Qualcomm က Huawei အနေနဲ့ 5G ဈေးကွက်ထဲဝင်ရောက်ဖို့ ချစ်ပ်တွေ ရောင်းချခွင့်ပေးဖို့ အမေရိကန်အစိုးရကို စည်းရုံနေပါတယ်။ The Wall Street Journal ဖော်ပြချက်အရ Huawei အပေါ် ကုန်သွယ်ရေးပိတ်ပင်မှုက 5G ဖုန်းအတွက် လိုအပ်တဲ့ အစိတ်အပိုင်း ဝယ်ယူတာကို မကန့်ကွက်ဘူးလို့ Qualcomm ကပြောထားပါတယ်။ အမေရိကန်ချစ်ပ် ထုတ်လုပ်သူတွေက နိုင်ငံရပ်ခြား ပြိုင်ဘက်တွေဆီ တစ်နှစ်ကို ဒေါ်လာ ၈ ဘီလျံ ဆုံးရှုံးမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

“တကယ်လို့ Qualcomm က ကုန်သွယ်ရေးလိုင်စင် ရရှိပေမယ့် နိုင်ငံရပ်ခြားပြိုင်ဘက်တွေထက် သာလွန်ပါမယ်။ အမေရိကန်အစိုးရ ပေါ်လစီက တရုတ်နဲ့ အခြားဒေသ 5G chipset ဈေးကွက်ဝေစုအတွင်း သိသာတဲ့အပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်” လို့ Qualcomm ကပြောခဲ့ပါတယ်။

-စိုးထက်
Ref: AndroidAuthority