Huawei အတွက် ချစ်ပ်ရောင်းချဖို့ Qualcomm လိုင်စင်ရရှိ

Huawei ဟာ HiSilicon ချစ်ပ်တွေ ထုတ်လုပ်ဖို့ အခက်အခဲတွေ့နေပြီး Mediatek လိုမျိုး ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ရှိပါတယ်။ တရုတ်ဘက်က ထွက်လာတဲ့သတင်းအရ Qualcomm က Huawei အတွက် ချစ်ပ်ထောက်ပံ့ဖို့ လိုင်စင်ရထားတယ်လို့ သိရပါတယ်။

သတင်းအရ Qualcomm ဟာ Huawei ရဲ့ Honor အမှတ်တံဆိပ်အတွက် ချစ်ပ်ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ Qualcomm ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး Huawei အတွက် ချစ်ပ်အားလုံးထောက်ပံ့နိုင်တဲ့ အနေအထား မရှိပါဘူး။

Huawei အနေနဲ့ Honor ကို ဒေါ်လာ ၁၅ ဘီလျံနဲ့ Digital China ဆီရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««