Huawei အတွက် ချစ်ပ်ရောင်းချပေးမှာ မဟုတ်တဲ့ Samsung

Huawei အတွက် စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ ရင်းမြစ်အစိတ်အပိုင်း ရှာဖွေမှုက ပိုမိုခက်ခဲလာပါတယ်။ တောင်ကိုရီးယားသတင်းစာ Chosun IIbo ဖော်ပြချက်အရ Samsung နဲ့ memory ထုတ်လုပ်တဲ့ SK Hynix တို့က စက်တင်ဘာ ၁၅ ရက်မှာ Huawei အတွက် အစိတ်အပိုင်းရောင်းချမှုကို ရပ်ဆိုင်းသွားပါမယ်။

အမေရိကန်ကုန်သွယ်ရေးဌာနက Huawei အပေါ် ကန့်သတ်တဲ့ စည်းမျဉ်းသစ် စတင် အကျုံးဝင်မယ့်ရက်လည်း ဖြစ်ပါတယ်။ကန့်သတ်ချက်တွေက ပြင်ပကုမ္ပဏီတွေက အမေရိကန်အတွင်းက software နဲ့ ကိရိယာ အသုံးပြုပြီး ထုတ်ထားတဲ့ အစိတ်အပိုင်းတွေကို Huawei ဆီရောင်းချလို့ မရအောင် တားဆီးထားတယ်။ ပိတ်ပင်မှုက Huawei လုပ်ငန်းအပေါ် ထိခိုက်ခဲ့ပါတယ်။ မကြာသေးခင်က Huawei စီအီးအို ရစ်ချတ်ယူက ကုန်သွယ်ကန့်သတ်ချက် ရှိပေမယ့် Mate 40 မှာ Kirin ပရိုဆက်ဆာ ပါဝင်မယ်လို့ ပြောထားပါတယ်။ ကန့်သတ်မှုက Huawei လိုပဲ Samsung နဲ့ SK Hynix အပေါ်လည်း ထိခိုက်ခဲ့ပါတယ်။

SK Hynix အတွက် ၂၀၂၀ ခုနှစ် ပထမဆုံး နှစ်ဝက်အတွင်း တရုတ်ပြည်တွင်း ပို့ကုန်တွေကြောင့် ဝင်ငွေ ၁၃.၃ ဘီလျံရဲ့ ၄၀ ရာခိုင်နှုန်း နစ်နာခဲ့ရပါတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««