Huawei အတွက် ချစ်ပ်ထုတ်လုပ်မှုရပ်တန့်ဖို့ TSMC ကို အမေရိကန်ဖိအားပေး

ထရမ့်အစိုးရဟာ Huawei ကိုချေမှုန်းဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ TSMC က Huawei အတွက် ချစ်ပ်တွေ ထုတ်လုပ်မှုကို ရပ်တန့်ဖို့ အမေရိကန်က ဖိအားပေးနေပါတယ်။ TSMC ဟာ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီ ဖြစ်ပေမယ့် ကုမ္ပဏီမှာ အမေရိကန် ထုတ်လုပ်ရေးပစ္စည်းတွေကိုပဲ အသုံးပြုနေပါတယ်။

အမေရိကန်ကုန်သွယ်ရေးရဲ့ နိုင်ငံရပ်ခြားဆီ တိုက်ရိုက် ထုတ်ကုန်ရောင်းချမှု စည်းမျဉ်း အပြောင်းအလဲအရ အမေရိကန်နည်းပညာ အသုံးပြုတဲ့ ကုမ္ပဏီတွေ Huawei ဆီ ပစ္စည်းရောင်းချဖို့ လိုင်စင်လျှောက်ထားရမှာ ဖြစ်ပါတယ်။ TSMC ဟာ Huawei Kirin ချစ်ပ်တွေရဲ့အဓိက ထောက်ပံ့သူဖြစ်ပါတယ်။

တကယ်လို့ အခုစည်းမျဉ်းက အတည်ပြုဖြစ်ရင်တော့ အမေရိကန်နည်းပညာ မပါဘဲ ချစ်ပ်တွေ ထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။ တရုတ်နိုင်ငံအတွင်းက ထုတ်လုပ်ရေးကုမ္ပဏီကတော့ အမေရိကန်က စက်ပစ္စည်းကို အသုံးမပြုပါဘူး။

အခုကိစ္စက တရုတ် ဒါမှမဟုတ် Huawei ထက် အမေရိကန်ကို အထိနာစေမယ်လို့ ထရမ့်အစိုးရအဖွဲ့ဝင်တချို့က ထောက်ပြထားပါတယ်။ အခုကိစ္စ ကာလရှည်ဖြစ်ပွားနေရင် အမေရိကန်ဆီမှာ ဆန်းသစ်တီထွင်မှုတွေ မရှိတော့ဘဲ တရုတ်ဆီရောက်သွားမယ်လို့ ပြောဆိုနေကြပါတယ်။

စိုးထက်
Ref: GSMArena