Huawei မှ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ပံ့ပိုးမှုအနေဖြင့် မိုဘိုင်းဖုန်းများထောက်ပံ့

Huawei မှ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ပံ့ပိုးမှုတစ်ရပ် အနေနဲ့ ရန်ကုန်တိုင်း Corona Virus Disease (COVID) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ Huawei က မိုဘိုင်းဖုန်းတွေ ထောက်ပံ့ခဲ့ပါတယ်။

Huawei Myanmar အနေနဲ့ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကြား ဆက်သွယ်ရေး ပိုမိုကောင်းမွန် လာစေဖို့နဲ့ မြန်မာနိုင်ငံအတွင်း Corona Virus ထပ်မံပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ လွယ်ကူမြန်ဆန်လာစေရန် အတွက် ရန်ကုန်တိုင်း Corona Virus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ စုစုပေါင်း မြန်မာကျပ်ငွေ ၁၁,၉၀၀,၀၀၀ တန်ဖိုးရှိ Huawei Y5P ဖုန်း အလုံးရေ (၁၀၀) ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“Huawei ရဲ့လက်ကိုင်ဖုန်းလှူဒါန်းမှုဟာ ကျွန်ုပ်တို့အတွက်တော့ COVID-19 ကိုထိန်းချုပ်ရာတဲ့နေရာ အဓိက အချက်တွေဖြစ်ကြတဲ့ ဆက်သွယ်ရေးအပိုင်းနဲ့ အချက်အလက်မှတ်တမ်းတင်တဲ့ အပိုင်းတွေနဲ့ ပတ်သက်ပြီး တော်တော် အထောက်အကူ ဖြစ်စေပါတယ်။ ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အခုဆိုရင် ရောဂါကူးစက်ခံစားနေတဲ့လူနာတွေ၊ စစ်ဆေးပြီး ရောဂါမတွေ့တဲ့လူနာတွေနဲ့ ပျောက်ကင်း သက်သာသွားတဲ့လူနာတွေအကြား အခြေအနေကို အချင်းချင်း သိစေရုံသာမက ရုံးချုပ်၊ ကွာရန်တင်း စင်တာတွေနဲ့ ဆေးရုံတွေအကြားမှာပါ သတင်းအချက်အလက်မျှဝေတာကို မိုဘိုင်းဖုန်းကနေတစ်ဆင့် ပိုမိုလုပ်ဆောင်လာနိုင်ကြမှာဖြစ်ပါတယ်” လို့ COVID-19 ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေးကော်မတီဒုဥက္ကဌ ဒေါက်တာဇော်ဝေစိုးက​ပြောကြားခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««