Huawei မှ ၂၀၂၀ ခုနှစ် တတိယ သုံးလပတ် အတွက် လုပ်ငန်းရလဒ်များကို ကြေညာ

Huawei မှ ၂၀၂၀ ရဲ့ တတိယသုံးလပတ်အတွက် လုပ်ငန်းရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါကာလအတွင်း Huawei အနေနဲ့ ဝင်ငွေ တရုတ်ယွမ် ၆၇၁.၃ ဘီလီယံကို ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉.၉% ပိုမို များပြားလာကြောင်း ကုမ္ပဏီရဲ့ ယင်းကာလအတွက် အသားတင် အမြတ်(net profit margin) မှာ ၈.၀% ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာအနှံ့ COVID-19 အကြပ်အတည်းနဲ့ ရင်ဆိုင်ရသည်နှင့် အမျှ Huawei ရဲ့ ကမ္ဘာ့ supply chain အနေနဲ့လည်း ထုတ်လုပ်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် သိသာထင်ရှားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ကုမ္ပဏီအနေဖြင့် ဖြေရှင်းသည့်နည်းလမ်းများ ရှာဖွေရန်နှင့် ရှေ့ဆက်၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အစွမ်းကုန် ဆက်လက်ကြိုးစားခဲ့ပြီး သုံးစွဲသူများနှင့် ပံ့ပိုးသူများအား ပေးထားသော ကတိကဝတ်များကို ဖြည့်စွမ်းပေးနိုင်ခဲ့ကြောင်း၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရာတွင် Huawei က AI၊ cloud၊ 5G နဲ့ computing စတဲ့ ICT နည်းပညာဆိုင်ရာ အားသာချက်တွေကို အကောင်းဆုံး အသုံးချခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ကုမ္ပဏီအနေဖြင့် ကပ်ရောဂါရင်ဆိုင်ဖြေရှင်းမှုများ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှုများအတွက် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်မှတစ်ဆင့်သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««