Huawei မှ ကျပ်သိန်းပေါင်း ၁၆၀ ကျော် တန်ဖိုးရှိ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကာကွယ်ရေးသုံးပစ္စည်းများကို လှူဒါန်းခဲ့

Huawei မှ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရထံသို့ ကျပ်သိန်းပေါင်း ၁၆၀ ကျော် တန်ဖိုးရှိ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

“ကြိုတင်ကာကွယ်တာဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။ ဒီလှူဒါန်းမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID-19 ဒုတိယလှိုင်းကို တစ်ထောင့်တစ်နေရာကနေ ကောင်းမွန်စွာကိုင်တွယ်နိုင်ပြီး ဒေသခံတွေကြား ရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေမယ်လို့ ယုံကြည်ပါတယ်။ အရင်လို စည်ကားတဲ့ မန္တလေးမြို့ကြီး ပြန်ဖြစ်လာရေး အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ပိုမိုဆောင်ရွက် လာနိုင်အောင် ဒီလှူဒါန်းမှုက အကူအညီဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” လို့ Huawei Myanmar ရဲ့ CEO ဖြစ်သူ Mr. Ding Zhaoyi ကပြောကြားခဲ့ပါတယ်။

Huawei အနေနဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရထံသို့ ပြီးခဲ့တဲ့ မေလက ကျပ်သိန်း (၄၀) ကျော် တန်ဖိုးရှိ အလွှာသုံးလွှာပါ Mask အခုရေ (၈,၀၀၀) နဲ့ လက်သန့်ဆေးရည်ဘူး (၁၂၀) တို့ကို ပထမဆုံးအကြိမ်အဖြစ် လှူဒါန်းခဲ့ပြီးနောက် လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဒုတိယလှိုင်းကို ထိန်းချူပ်ရန်အတွက် စုစုပေါင်း ကျပ်သိန်း (၁၂၀) ကျော် တန်ဖိုးရှိ အလွှာသုံးလွှာပါ mask အခုရေ (၅,၀၀၀) နဲ့ N95 Mask အခု ရေ (၁,၀၀၀) တို့ကို ဒုတိယအကြိမ်အဖြစ် ထပ်မံ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««