Huawei မှ၂၀၂၀ ခုနှစ်အတွက် အွန်လိုင်းမီဒီယာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စတုတ္ထမဏ္ဍိုင်မှ ဒစ်ဂျစ်တယ်ခေတ်သစ်သို့ ချဉ်းကပ်ခြင်း ခေါင်းစဉ်နဲ့ တတိယအကြိမ်မြောက် မီဒီယာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်က အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပါတယ်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စာနယ်ဇင်းသမားများအတွက် လက်ရှိ ဒစ်ဂျစ်တယ်ရေစီးကြောင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းနဲ့ ကိရိယာတွေရဲ့ အကျိုးကျေးဇူးတွေကို ပိုမို နားလည်စေနိုင်ဖို့နဲ့ လက်ရှိ အိမ်မှ လုပ်ငန်းလုပ်ကိုင်နေရတဲ့ ကာလအတွင်း အကျိုးရှိရှိ ပိုမိုအသုံးချနိုင်စေရန် ရည်ရွယ်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သတင်းစာ၊ ဂျာနယ်ပဲဖြစ်ဖြစ်၊ ရေဒီယိုပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပဲဖြစ်ဖြစ် လူတွေဆီကို တစ်နည်းနည်းနဲ့ သတင်းရောက်အောင် ပို့နိုင်မယ့် နည်းလမ်းတွေက ကျွန်တော်တို့ကို ရွေးချယ်တာ မဟုတ်ပါဘူး။ စာဖတ်သူတွေဆီ သတင်းရောက်အောင် ပေးပို့ဖို့အတွက် ကျွန်တော်တို့က နည်းလမ်းတစ်ခု အသေအချာ ရွေးချယ်ထားဖို့က အရေးကြီးပါတယ်။ အရင်က အသုံးပြုခဲ့တဲ့ သတင်းပေးပို့တဲ့ နည်းလမ်းတွေဟာလည်း ယခုမှာ ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းလာကြတဲ့ အတွက် ကျွန်တော်တို့မှာ လူတွေဆီ သတင်းပေးနိုင်ဖို့ ရွေးချယ်စရာ နည်းလမ်းတွေ များလာပါတယ်။ ဒီဂျစ်တယ်စနစ် ကူးပြောင်းခြင်း ဆိုတာကလည်း စာဖတ်သူတွေ ပိုပြီးနှစ်သက်တဲ့ အခြေအနေတစ်ခုအပေါ် မူတည်ပြီး သတင်းသမားတိုင်းက အလိုက်အထိုက် စီးမျောလိုက်ပါရမယ့် ရိုးရှင်းတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်” လို့ Huawei Myanmar ရဲ့ PR Director ဖြစ်သူ Mr. Zhou Kai က ၎င်းရဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပွဲကို WeLink ပလက်ဖောင်းမှ ကျင်းပခဲ့ပြီး တယ်လီကွန်း လုပ်ငန်းခွင်မှာ ၁၀ နှစ်ကျော် အတွေ့အကြုံရှိပြီး လက်ရှိမှာ Huawei Asia Pacific Solution Sales Department ရဲ့ Wireless Product Solution Manager အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ကိုထွန်းအောင်ခိုင်နဲ့ Myanmar Journalism Institute ရဲ့ Training Head ဖြစ်သူ ဦးမြင့်ကျော်တို့က အဓိက ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««