
Microsoft ဟာ Huawei အတွက် software တင်ပို့ရောင်းချဖို့ အမေရိကန်အစိုးရဆီက လိုင်စင်ခွင့်ပြုချက် ရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ဆီ ကုန်ပစ္စည်းတွေ ပြန်လည် စတင်ရောင်းချဖို့ ကုမ္ပဏီတချို့ကို ခွင့်ပြုသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က အခုတစ်ပတ်အတွင်း ပြောခဲ့ပါတယ်။ Huawei ဟာ လွန်ခဲ့တဲ့ ၆ လ လောက်က အမျိုးသားလုံခြုံရေးကိစ္စကြောင့် ကုန်သွယ်ရေးအမည်ပျက် စာရင်းသွင်းခံခဲ့ရပါတယ်။
Huawei ဆီကုန်ပစ္စည်းတွေ ရောင်းချဖို့ လိုင်စင်တွေ စတင်ထုတ်ပေးနေတယ်လို့ ကုန်သွယ်ရေးဌာနက အတည်ပြုခဲ့ပါတယ်။ Huawei ရဲ့ကုန်ပစ္စည်းထောက်ပံ့မှု ဌာနကို တိုးချဲ့နေပြီး ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ ကုန်ပစ္စည်းတွေ ရောင်းချပြီးတာနဲ့ လုပ်ငန်းအတွက် ရှင်းလင်းသေချာတဲ့ အစီအစဉ် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
လိုင်စင်လျှောက်ထားမှု ၃၀၀ ကျော်ရှိပြီး ထက်ဝက်လောက်ကို လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ Huawei ဆီကုန်ပစ္စည်းတင်ပို့ရောင်းချခွင့် လိုင်စင်လျှောက်ထားမှု ထက်ဝက် ဒါမှမဟုတ် လေးပုံတစ်ပုံကို ခွင့်ပြုချက်ပေးခဲ့ကာ ကျန်တဲ့လျှောက်ထားမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
Microsoft က Huawei ဆီ ဘယ်လို ထုတ်ကုန်တင်ပို့ရောင်းချလဲဆိုတာ မထုတ်ပြန်ခဲ့သလို ကုန်သွယ်ရေးဌာနကလည်း မှတ်ချက်မပေးခဲ့ပါဘူး။ Microsoft အနေနဲ့ Huawei ဆီ Windows operating system ကိုတင်ပို့ရောင်းချဖွယ်ရှိတယ်လို့ Wedbush Securities လေ့လာဆန်းစစ်သူတစ်ဦးက ပြောခဲ့ပါတယ်။
စိုးထက်
Ref: Reuters