Huawei ခေါက်စမတ်ဖုန်း ထွက်လာနိုင်

Huawei ဟာ Mate Xs ခေါက်စမတ်ဖုန်းထုတ်လုပ်အပြီး clamshell ဒီဇိုင်းနဲ့ Samsung Galaxy Z Flip လိုခေါက်စမတ်ဖုန်း ထုတ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံဉာဏပစ္စည်းဆိုင်ရာရုံးမှာ ဧပြီလအတွင်း Huawei ခေါက်စမတ်ဖုန်း ဒီဇိုင်းတင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံအရ ဖုန်းကတော့ Galaxy S Flip နဲ့ဆင်ပါတယ်။ ကွာခြားချက်ကတော့ ပြင်ပက မျက်နှာပြင် ပိုမိုကြီးမားပြီး သတိပေးချက်နဲ့ အချိန်ကြည့်တာထက် ပိုမိုတဲ့ လုပ်ဆောင်ချက်ကို လုပ်လာနိုင်ပါတယ်။ ကျောဘက်တစ်ဝက်နီးပါးမှာတော့ ကင်မရာတွေကို ထည့်သွင်းထားပါတယ်။ ရှေ့ကင်မရာတော့ မပါဝင်ပါဘူး။

ဒါကြောင့် selfie ရိုက်ကူးဖို့ ပြင်ပ display ကို viewfinder အဖြစ် အသုံးပြုဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena