Huawei ကို တရုတ်စစ်တပ်က ကျောထောက်နောက်ခံပေးထားဟုဆို

Huawei ကို တရုတ်စစ်တပ်က ကျော်ထောက်နောက်ခံပေးထားတယ်လို့ Reuters က အမေရိကန်ကာကွယ်ရေးဌာန စာရွက်စာတမ်း ကိုးကားဖော်ပြခဲ့တယ်။

ထရမ့်အစိုးရအဖွဲ့က တရုတ်ပြည်သူ့လွတ်လပ်ရေး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ တရုတ်ကုမ္ပဏီ အခု ၂၀ အမည် ပါဝင်တဲ့ စာရွက်စာတမ်းကို ကွန်ဂရက်ဆီ ပေးပို့ခဲ့တယ်။ ပင်တဂွန်ရဲ့ ရာထူးအပ်ခန့်မှုနဲ့ သမ္မတက အရေးပေါ်အခြေအနေ ကြေညာပြီး အမေရိကန်တွင်းက လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေကို အရေးယူပြစ်ဒဏ်ပေးတာ ပြုလုပ်နိုင်ပါတယ်။ Huawei အပြင် တရုတ်မိုဘိုင်းဆက်သွယ်ရေးအုပ်စု၊ China Telecommunications နဲ့ Hikvisiion Digital Technology တို့စာရင်းထဲပါဝင်တယ်လို့ Axios ကပြောခဲ့ပါတယ်။

အကြီးတန်းအစိုးရအဖွဲ့အရာရှိ တစ်ဦးနဲ့ ပြည်သူ့ရေးရာကာကွယ်ရေး အတွင်းရေးလက်ထောက်အကူဖြစ်သူ ဂျိုနသန်ရာဟော့မန်းက စာရင်းရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ကာကွယ်ရေးဌာနက ကွန်မြူနစ်တရုတ်စစ်တပ် ကုမ္ပဏီစာရင်းကို ထုတ်လုပ်ခဲ့တယ်လို့ ပြောထားပါတယ်။ အဲဒီစာရင်းထဲမှာ တရုတ်အစိုးရ၊ စစ်တပ် ဒါမှမဟုတ် ကာကွယ်လုပ်ငန်းနဲ့ ပတ်သက်တာ ဒါမှမဟုတ် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်။

စိုးထက်
Ref: CNET