စိုက်ခင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အချိန်မရွေး၊ နေရာမရွေး အကူအညီရယူနိုင်မယ့် App ဖြစ်ပါတယ်။ အင်တာနက်လိုင်း ရှိရုံနဲ့ စိုက်ခင်းမှာကြုံနေရတဲ့ ပြဿနာတွေကို ပုံနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ App ကနေတစ်ဆင့် ကျွမ်းကျင်ပညာရှင်တွေနဲ့ မေးမြန်းဆွေးနွေးနိုင်အောင် ဖန်တီးထားပါတယ်။ ဒါ့အပြင် စိုက်ပျိုးနည်းလမ်းကောင်းများ၊ သတင်းနဲ့ နေ့စဉ်သီးနှံဈေးနှုန်း၊ မိုးလေဝသ ခန့်မှန်းချက်နဲ့ အသိပေးချက် စတာတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
-ရဲထွဋ်ဝင်း