HTMi Singapore သို့ သွားရောက်လေ့လာနိုင်မည့် တစ်ပတ်တာခရီးစဉ်အတွက် လျှောက်ထားနိုင်

Hotel နဲ့ Tourism ပညာရပ်ကို ဝင်ငွေလစာရ အလုပ်သင်ပါ ပူးတွဲလုပ်ကိုင်နိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မယ့် Hotel and Tourism Management Institute (HTMi) Singapore မှာ သွားရောက်လေ့လာနိုင်မယ့် တစ်ပတ်တာ ခရီးစဉ်ကို Study Abroad Information Centre မှတစ်ဆင့် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

Be a hotelier in one week programme မှာ ဟိုတယ်နဲ့ ခရီးသွားပညာရပ်ကို စိတ်ဝင်စားပြီး ဟိုတယ်နဲ့ ခရီးသွားပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုလိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ နေစရိတ်နဲ့ စားစရိတ် အပြီးအစီး SGD 1695 ကျသင့်မှာဖြစ်ပါတယ်။

အဆိုပါ ၅ ရက်ကြာ programme မှာ နိုင်ငံတော်တော်များများရှိ စီးပွားရေးအတွက် များစွာအကျိုးပြုတဲ့ ဟိုတယ်နဲ့ ခရီးသွားပညာရပ်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍများကို မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ခရီးသွားပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ စတင်နေသူတွေအတွက် HTMi (Singapore) မှာ လိုအပ်တဲ့ အတွေ့အကြုံတွေနဲ့ ဗဟုသုတတွေေကို သိရှိစေရန်အလို့ငှါ လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့ ပုံစံအတိုင်း အစားအသောက် ခင်းကျင်းပုံများ၊ အဝတ်အစားများ သပ်သပ်ရပ်ရပ်ဝတ်စားပုံ၊ အခန်းများသန့်ရှင်းသပ်ရပ်မှု ရှိအောင် ပြုလုပ်ပုံတွေကို လေ့လာနိုင်မယ့်အပြင် Singapore နိုင်ငံရှိ နာမည်ကြီး ရေပန်းစားတဲ့ နေရာတွေကိုပါ သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

သွားရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးထားပြီး ဖုန်း – ဖုန်း (၀၉) ၅၁၅၁ ၀၀၈၊ (၀၉) ၇၃၂၄၂၄၀၄ နဲ့ (၀၉) ၄၂၀၀ ၉၉၉၉ ၇ ကို လျှောက်ထားရမှာဖြစ်ပါတယ်။

-သန္တာ