HTC 10 Evo နှင့် U Play စမတ်ဖုန်းများကို ပြည်တွင်းဈေးကွက်သို့ မိတ်ဆက်

hTC 10 Evo နှင့် U Play စမတ်ဖုန်းမိတ်ဆက်ပွဲကို ယနေ့နေ့လည်ပိုင်းက ပြည်သူ့ရင်ပြင်အတွင်းရှိ Western Park Ruby မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ hTC 10 Evo က ရေစိုခံပြီး Qualcomm Snapdragon 810 Chipset ,Octa Core CPU, Ram 3GB, ROM 32GB(UP to 2TB),5.5 inch (1440×2560 Pixel) Super LCD 3 Capacitive Touchscreen display,Aperture f/2.0 16MP back camera/ Aperture 2.4 8MP Front Camera အသုံးပြုထားကာ Single SIM ဖုန်းအမျိုးအစားဖြစ်ပါတယ်။ U Play ကတော့ Panorama Selfie ရိုက်ကူးနိုင်ပြီး ပေါ့ပါးပြီး လှပသေသပ်တဲ့ဒီဇိုင်းနဲ့ ပြုလုပ်ထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ U Play မှာတော့ Mediatek Helio P10 Chipset , Octa Core CPU, 5.2 inch (1080x1920Pixel) display ,Ram 3 GB,ROM 32GB(UP to 2TB) ,16MP Back/front Camera အသုံးပြုထားကာ Dual SIM ဖုန်းအမျိုးအစား ဖြစ်ပါတယ်။

တန်ဖိုးကတော့ hTC 10 Evo က ၃၇၉,၀၀၀ ကျပ်ဖြစ်ပြီး hTC U Play ကတော့ ၅၀၉,၀၀၀ ကျပ်ဖြစ်ပါ တယ်။ အာမခံအနေနဲ့ တစ်နှစ်ပေးထားပြီး KMD မှ တရားဝင်ဖြန့်ဖြူး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

-အောင်သူ