HP ZBook Firefly 14 G7

ဈေးနှုန်း – ကန်ဒေါ်လာ ၂၅၉၉

အားသာချက်

ဆွဲဆောင်မှုရှိတဲ့ အကြမ်းခံပြီး ပေါ့ပါး ပါးလွှာတဲ့ ကိုယ်ထည်ဒီဇိုင်း၊ ပြည့်ဝကောင်းမွန်တဲ့ Laptop စွမ်းဆောင်ရည်နဲ့ အသံထွက်ပိုင်း ကောင်းမွန်တာတွေက ဒီ Laptop ရဲ အားသာချက်ပါ။

အားနည်းချက်

Display က အနည်းငယ် မှိန်တယ်လို့ ခံစားရတာနဲ့ ဘက်ထရီနဲ့ သုံးနိုင်တဲ့အချိန်က ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင် နည်းတယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

HP ZBook Firefly 14 G7 က အသေးငယ် အပေါ့ပါးဆုံး ၁၄ လက်မ အရွယ်အစား Workstation အနေနဲ့ အသုံးပြုနိုင်မယ့် Laptop တစ်လုံးလို့ ဆိုရမှပါ။ ဒီဇိုင်းပိုင်းက ဆွဲဆောင်မှုအပြည့်ရှိသလို ကောင်းမွန်တဲ့ အသံထွက်နဲ့ ကာလာပိုင်းစိုပြည်ကောင်းမွန်ပြီး တောက်ပမှုရှိတဲ့ Display အပြင် အသံထွက်ပိုင်းကလည်း ကျေနပ်စရာကောင်းလှပါတယ်။ Intel Core-i7 နဲ့ Nvidia Quadro GPU တွေက ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တာက ဒီ Laptop ရဲ အားသာချက်လို့ ဆိုရမှာဖြစ်ပြီး ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပရီမီယံ Laptop တစ်လုံးရဲ့ ကြာချိန်နီးပါး ရှိပေမယ့် ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင် နည်းတယ်လို့ ဆိုရမှာပါ။ သင့်အနေနဲ့ ဘက်ထရီ ပိုကြာပြီး ပိုမိုကောင်းမွန်တဲ့ Display နဲ့ စွမ်းဆောင်ရည်ကောင်းတာကို လိုချင်ရင် MacBook Pro ကို သုံးကြည့်သင့်ပါတယ်။ ဒါပေမဲ့ အမြဲသွားလေရာ Laptop ပါမှဖြစ်မယ့် သူတွေနဲ့ ပေါ့ပါးမှုက အဓိကဆိုတဲ့ သူတွေအတွက်ကတော့ ဘက်စုံကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ လုံခြုံစနစ်ပိုင်းမြင့်မားတဲ့ HP ZBook Firefly 14 G7 က အသင့်တော်ဆုံး Laptop လို့ဆိုရမှာပါ။

အသေးစိတ်ဖော်ပြချက်

HP ZBook Firefly ရဲ့ ၁၄ လက်မရှိတဲ့ 4K အမျိုးအစား Display က ရုပ်ထွက်အရည်အသွေး 1920x1080p အထိ ထောက်ပံ့ပေးနိုင်တဲ့ Touch-screen ဖြစ်ပါတယ်။ ဒီ laptop မှာ 10th Gen Intel Core i7-10810U vPro processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia Quadro P520 GPU (2GB VRAM) ထောက်ပံ့ပါဝင်ပါတယ်။ RAM 32 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB PCIe NVMe TLC SSD ကို ထည့်သွင်းထားပါတယ်။ အသံထွက်ပိုင်း ကြည်လင်ပြတ်သားမှုရှိတဲ့ ထိပ်တန်းစပီကာနှစ်လုံး ပါဝင်ပြီး ကျေနပ်စရာ အသံအရည်အသွေးကို ပေးစွမ်းနိုင်မှာလည်း ဖြစ်ပါတယ်။ MIL-STD 810H အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ ဒီ Laptop က အကြမ်းခံနိုင်မှုစမ်းသပ်တာကို နာရီပေါင်း ၁၂၀,၀၀၀ ခန့်စမ်းသပ်မှုဒဏ်ကို ခံနိုင်ပြီး တစ်ကိုယ်ရေ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ Privacy ကင်မရာကို တပ်ဆင်ထားပါတယ်။ HP Essential & Pro Security လုပ်ဆောင်ချက် ပါဝင်ပြီး Laptop Screen အပါအဝင် အချက်အလက်တွေ သိမ်းဆည်းထားတဲ့ HDD နဲ့ SSD တွေ အပြီးဖျက်ပစ်တာတွေ၊ Drive တွေကို Sefl encrypting လုပ်ဆောင်တာတွေ၊ Multi-factor authentication လုပ်တာတွေနဲ့ လက်ဗွေစနစ်နဲ့ ချိတ်ဆက်ထားတာတွေ လုပ်ဆောင်နိုင််မှာဖြစ်ပါတယ်။ 720p HD Webcam ကလည်း အဆင်ပြေမှုရှိပြီး အသုံးမပြုတဲ့အချိန်မှာ ပိတ်ထားနိုင်မယ့်စနစ်လည်း ပါဝင်ပါတယ်။ island-style ကီးဘုတ်က အသုံးပြုရတာ အရမ်းကောင်းမွန်တယ်လို့ မခံစားရပါဘူး။ ၄.၄ x ၂.၄ လက်မ ရှိတဲ့ Touchpad က ကြီးမားသလို တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး mouse မလိုဘဲ အွန်လိုင်း အသုံးပြုနိုင််စေမယ့် discrete mouse ခလုတ်တစ်ခုကို trackpad ထဲမှာ ထည့်သွင်းပေးထားပါတယ်။ ဒီ Laptop မှာ Wi-Fi 6, Bluetooth 5 combo စနစ်တွေ၊ USB 3.1 Type-A ပေါက်၊ USB Type-C ပေါက်၊ စမတ် Card Reader ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

HP ZBook Firefly 14 G7 ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၅ နာရီနဲ့ ၄၇ မိနစ်ခန့် အသုံးပြုနိုင်ပါတယ်။ ဒီကြာချိန်က ၉ နာရီနဲ့ မိနစ် ၅၀ ရှိသင့်တဲ့ ပရီမီယံ Laptop တစ်လုံးရဲ့ ကြာချိန်ထက် နည်းတယ်လို့ ဆိုရမှာပါ။ ပြိုင်ဘက် MacBook Pro က ၁၀ နာရီ ၂၁ မိနစ်၊ Precision 5540 က ၆ နာရီ ၂၀ မိနစ် အသုံးပြုနိုင်ပါတယ်။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၁ ပေါင်) ရှိမှာ ဖြစ်ပါ
တယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««