HP Zbook Firefly 14 G7 workstation

Graphic Designer တွေ Video Editing လုပ်သူတွေနဲ့ ရုံးလုပ်ငန်းသမားတွေအတွက် အဆင်ပြေစေမယ့် HP Zbook Firefly 14 G7 ဖြစ်ပါတယ်။ Processor ပိုင်းအတွက် Intel 10th generation ရဲ့ i5 နဲ့ i7 ကို စိတ်ကြိုက်မှာယူနိုင်မှာ ဖြစ်ပါတယ်။ Memory ကို up to 64GB အထိ၊ Internal Storage ကို M.2 SSD နဲ့ 256GB မှ up to 2TB အထိ ရွေးချယ်မှာယူနိုင်မှာဖြစ်ပါတယ် ။Intel UHD graphics နဲ့ မှာယူနိုင်သလို Graphic card အသုံးပြုချင်သူတွေ အနေနဲ့ NVIDIA Quadro P520 4GB ဖြင့်လည်း မှာယူနိုင်မှာဖြစ်ပါတယ်။ Operating System အနေနဲ့ Free DOS, Windows 10 Home 64, Windows 10 Pro 64 , RedHat Enterprise Linux 7 စတာတွေထဲမှ နှစ်သက်ရာမှာယူနိုင်သလို HP ဘက်မှလည်း Windows 10 Pro အသုံးပြုဖို့ recommend ပေး ထားပါတယ်။ ၁၄ လက်မအရွယ်အစား Full HD display (သို့) 4K UHD ကို non-touch (သို့) touch screen နဲ့ မှာယူနိုင်သလို ကိုယ့်ရဲ့ အချက်အလက်တွေအတွက် public area မှာကာကွယ်ပြီးသားဖြစ်တဲ့ HP sure view technology ပါဝင်တဲ့ privacy screen နဲ့လဲ မှာယူနိုင်မှာဖြစ်ပါတယ်။ Fingerprint Sensor, Smart card reader , Sim card slot တွေကိုလည်း နှစ်သက်ရာနဲ့ ထည့်သွင်းမှာယူနိုင်မှာဖြစ်ပါတယ်။လုံခြုံရေးအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း စုံလင်စွာထည့်သွင်းပေးထားပါတယ်။ အသေးစိတ်ကိုတော့ Royal Smart ဖုန်း ၀၁ ၃၇၉ ၅၆၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««