HP Spectre x360 (13-inch, Late 2019)

ဈေးနှုန်း – ကန်ဒေါ်လာ ၁၃၅၀

အားသာချက်

ဆန်းသစ်တဲ့ ultra-portable ဒီဇိုင်း၊ တောက်ပပြီး ရုပ်ထွက်ပိုင်းကောင်းမွန်တဲ့ display ၊ မြန်ဆန်တဲ့ overall စွမ်းဆောင်ရည်၊ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

စပီကာက အသံအမြင့်ဆုံးနဲ့ အသုံးပြုတဲ့အခါမှာ အနည်းငယ် နားထောင်ရခက်တာနဲ့ အချိန်ကြာကြာ အသုံးပြုတဲ့အခါမှာ Laptop ကိုယ်ထည် ပူနွေးလာတာတွေအပြင် bloatware လို့ခေါ်တဲ့ ဆော့ဖ်ဝဲတွေ များစွာ ပါဝင်တာက သူ့ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

HP Spectre x360 က ပြီးပြည့်စုံမှုရှိတဲ့ Laptop တစ်လုံးလို့ ဆိုရလောက်အောင်ကို ကောင်းမွန်ပါတယ်။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ နောက်ဆုံးပေါ်ဒီဇိုင်း၊ 10th Gen အမျိုးအစား Ice Lake processor ရဲ့ မြန်ဆန်တဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက နှစ်သက်စရာပါ။ အချိန်ကြာကြာ အသုံးပြုမှုတဲ့အခါမျိုးမှာ လက်ပ်တော့က ပူနွေးမှုမရှိသလို စပီကာပိုင်းကလည်း အသံ ဂိတ်ဆုံးနဲ့ အသုံးပြုတဲ့အခါမှာ ကောင်းမွန်မယ်ဆိုရင်တော့ နှစ်ခါမစဉ်းစားဘဲ 5 Star ပေးရမှာပါ။ မိမိအနေနဲ့ ဈေးနှုန်းသင့်တင့်ပြီး 2-in-1 အနေနဲ့ အသုံးပြုနိုင်တဲ့ နောက်ဆုံးပေါ်ဒီဇိုင်း Ultra-portable Laptop တစ်လုံးကို အသုံးပြုချင်တယ်ဆိုရင်တော့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့အပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ ဒီ Laptop က ရွေးချယ်စရာတစ်ခုလို့ ဆိုရမှာပါ။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ FHD Display က Multi-Touchscreen အမျိုးအစားဖြစ်ပြီး ရုပ်ထွက် အရည်အသွေးကို 1920×1080 အထိ ထောက်ပံ့နိုင်ပါတယ်။ အမြန်နှုန်း 1.8GHz ရှိတဲ့ Intel Core i7-8565U CPU processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD Graphics 620 ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB SSD ကို အသုံးပြုထားပါတယ်။ ကမ္ဘာ့အသေးဆုံးလို့ ပြောလို့ရတဲ့ IR Webcam
အမျိုးအစားကို တပ်ဆင်ထားတာဖြစ်ပြီး ၃.၉x၂.၂ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ လက်ဗွေလုံခြုံရေးစနစ်၊ Stylus Pen စနစ်တွေ ထောက်ပံ့ပါဝင်ပေမယ့် Pen အတွက်ကတော့ နောက်ထပ် ၆၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ WiFi 802.11ac ၊ 4G LTE စနစ်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး ၊ Bluetooth 5.0, USB 3.1 Type-A ပေါက်၊ USB-C ၊ Thunderbolt ပေါက်၊ MicroSD ပေါက်နဲ့ Combo Audoi Jack ပေါက်တွေ အပြင် Webcam ကို မသုံးတဲ့အချိန်မှာ အလွယ်တကူ ပိတ်ထားနိုင်မယ့် ခလုတ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှု ကို ဘက်ထရီနဲ့ ၁၃ နာရီနဲ့ ၂၀ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com