HP Probook 440 G7

HP ရဲ့ commercial series ( သို့ ) လူကြိုက်များတဲ့ Probook series ထဲမှ HP Probook 440 G7 ဖြစ်ပါတယ်။ Warranty ကို ၁ နှစ်မှ စပြီး ၃ နှစ် ( သို့) ၅ နှစ်အထိ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ i3 မှစပြီး i5, i7 ကို intel 10 generation ရွေးချယ်နိုင်သလို Memory အနေနဲ့လည်း Ram 4GB DDR4 မှ 8GB,16GB အပြင် 32GB အထိ update လုပ်ကာ မိမိစိတ်ကြိုက် မှာယူနိုင်မှာဖြစ်ပါတယ်။ Graphic အသုံးပြုချင်သူတွေအနေနဲ့ Intel UHD graphic 620 အပြင် NVIDIA Geforce MX130 2GB (သို့) MX250 2GB များကို ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့ အတွက် SATA HDD 1TB အထိ ရရှိနိုင်ပြီး SSD သုံးချင်သော user များအတွက် M.2 SSD ကို up to 512GB အထိ ရရှိနိုင်တာကြောင့် လိုအပ်သလို မှာယူနိုင်မှာဖြစ်ပါတယ်။ စကရင်အရွယ်အစားက ၁၄ လက်မဖြစ်ပြီး Non -Touch display ထဲမှာ HD SVA ( or) FHD IPS နဲ့ အသုံးပြုသူစိတ်ကြိုက် မှာယူနိုင်မှာ ဖြစ်သလို Touch နဲ့အသုံးပြုလိုတဲ့ သူတွေ အနေနဲ့လည်း Touch display ( FHG IPS) ရွေးချယ်နိုင်ပါတယ်။ လုံခြုံရေးပိုင်းအတွက်လည်း စုံလင်စွာ ထည့်သွင်းပေးထားပါတယ်။

Royal Smart က တရားဝင် တင်သွင်းတာဖြစ်ပြီး Commercial Team Viber +၉၅၉၂၅၀၀၈၈၆၉၉ ကို ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««