HP Pro C640 Chrome Enterprise

ဈေးနှုန်း – ကန်ဒေါ်လာ ၁၁၂၉

အားသာချက်

စစ်တပ်သုံးအဆင့် အကြမ်းခံနိုင်မှု၊ လုံခြုံရေးစနစ် မြင့်မားမှု၊ အသုံးပြုရတာ ကောင်းမွန်တဲ့ ကီးဘုတ်စနစ်၊ စုံလင်တဲ့ Port တွေ ထောက်ပံ့ပါဝင်တာနဲ့ မြန်ဆန်တဲ့ အွန်လိုင်းအသုံးပြုနိုင်စွမ်းတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

Display က ပေးရတဲ့ဈေးနဲ့နှိုင်းစာရင် အနည်းငယ်မှိန်တယ်လို့ ခံစားရတာ၊ ပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် ပိုလေးတာနဲ့ စွမ်းဆောင်ရည်က အလယ်အလတ်အဆင့်လောက်သာရှိတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

HP Pro C640 က လုံခြုံရေးအသားပေး Laptop ကို သုံးချင်သူတွေနဲ့ အကြမ်းခံတဲ့ Chromebook ကို ကိုင်ချင်သူတွေနဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာသုံးနိုင်တဲ့ Laptop ကို သုံးချင်သူတွေ အကြိုက်ဖြစ်မှာပါ။ Display အနည်းငယ်မှိန်တာ၊ စွမ်းဆောင်ရည်က အလယ်အလတ်အဆင့်လောက်ပဲရှိတာကလွဲရင် အွန်လိုင်းအသုံးပြုရတာ မြန်ဆန်မှုရှိတဲ့ Pro C640 က သွားလေရာ Laptop ကို သယ်ပြီး အလုပ်လုပ်ချင်သူတွေ၊ ဆိုရှယ်မားကတ်တင်းသမားတွေနဲ့ ခရီးသွားဘလော့ဂါတွေအတွက် အဆင်ပြေမယ့် Laptop တစ်လုံးပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

HP Pro C640 Chrome ရဲ့ ၁၄ လက်မ ရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ 10th Gen Intel Core-i7-10610U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB eMMC SSD တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှု ရှိသလို Webcam ကလည်း ကာလာရုပ်ထွက်ပိုင်း ကောင်းမွန်ပြီး အွန်လိုင်းဗီဒီယို ဖုန်းခေါ်ဆိုမှု အတွက် အဆင်ပြေလှပါတယ်။ ၄.၇x၂.၈ လက်မရှိတဲ့ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Guesture စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ USB Type-A ပေါက်၊ USB Type-C ပေါက်၊ HDMI ပေါက်၊ နားကြပ်ပေါက်နဲ့ microSD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး လက်ဗွေလုံခြုံရေးစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

HP Pro C640 ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၁ နာရီနဲ့ ၇ မိနစ်ခန့် အသုံးပြုနိုင်တာက Chromebook တစ်လုံးရဲ့ ပျှမ်းမျှကြာချိန် ၁၀ နာရီ ၂၇ မိနစ်ထက် ပိုသုံးနိုင်တာ သဘောကျစရာပါ။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၃ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: [www.Laptopmag.com]

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««