HP Pavilion 15-cs3124TX Notebook

HP ရဲ့ ပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ HP Pavilion 15-cs3124TX Notebook ဖြစ်ပါတယ်။ Gamer တွေ၊ ဒီဇိုင်းဆရာတွေ ၊ AUTO CAD သမားတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ RAM ထပ်တိုးလိုသူများ အတွက် Slot အပိုပါဝင်ပါတယ်။ CPU အနေနဲ့ 10th Generation Intel Core i7-1065G7 Processor ကို အသုံးပြုထားပြီး Speed အနေနဲ့ 8MB Cache Turbo Boost 1.3GHz Up to 3.9GHz အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 8GB အထိထောက်ပံ့ပေးထားပြီး Slot အပိုပါဝင်လို့ ထပ်တိုး အသုံးပြုနိုင်ပါတယ်။ ရုပ်ထွက်နဲ့ ဂိမ်းတွေကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် NVIDIA GeForce MX250 2GB ထောက်ပံ့ပေးထားပါတယ်။

အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 512GB PCIe NVMe M.2 SSD ပါဝင်ပါတယ်။ ၁၅.၆ လက်မအရွယ်ရှိ Diagonal FHD SVA anti-glare micro-edge WLED Backlit Display ကို အသုံးပြုထားပြီး ရုပ်ထွက်ကို (1920 x 1080) ရရှိစေမှာပါ။အခြားသော စနစ်တွေဖြစ်တဲ့ GbLAN, Wi-FI, BT 5, USB 2.0, USB 3.1, HDMI, Camera စတာတွေ ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကိုတော့ 3-cell, 41 Wh Li-ion ထည့်သွင်းအသုံးပြုထားပါတယ်။

USD 839$ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Royal Smart ကနေ တရားဝင်တင်သွင်းပြီး ကွန်ပျူတာအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ