HP Pavilion 15-cs3124TX Notebook

စွမ်းဆောင်ရည်နဲ့ ဈေးနှုန်း အသင့်အတင့်ရှိတဲ့ HP Pavilion 15-cs3124TX Notebook ဖြစ်ပါတယ်။ Design ပိုင်း တွဲသုံးချင်တဲ့သူတွေ အတွက်ရော၊ Editing လုပ်ချင်သူတွေ အတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ 10th Generation Intel Core i7-1065G7 Processor , Speed ကေတာ့ 8MB Cache Turbo Boost 1.3GHz Up to 3.9GHz CPU နဲ့ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 8 GB ထည့်သွင်းအသုံးပြုထားပါတယ်။ Memory လိုအပ်ပါက ထပ်တိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Graphic ပိုင်းအတွက် NVIDIA GeForce MX250 2GB GPU ထောက်ပံ့ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက်ကိုတော့ 512GB PCIe NVMe M.2 SSD ထည့်သွင်းပေးထားပါတယ်။ ၁၅.၆ လက်မအရွယ် Diagonal FHD SVA anti-glare micro-edge WLED Backlit Display နဲ့ဖြစ်ပြီး Resolution က 1920 x 1080 အထိ ရရှိမှာ ဖြစ်ပါတယ်။ အခြားသော စနစ်တွေအဖြစ် GbLAN, Wi-FI, BT 5, USB 2.0, USB 3.1, HDMI, Camera,headphone/microphone combo; 1 RJ-45 စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Drive တော့ မပါဝင်ပါဘူး။ အမေရိကန်ဒေါ်လာ ၈၃၉ နဲ့ ညီမျှတဲ့ မြန်မာငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Royal Smart ဖုန်း – ၀၁ ၃၇၉ ၅၆၄ ကနေ တရားဝင်တင်သွင်းတာဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««