HP Pavilion 14t (2020)

ဈေးနှုန်း– ကန်ဒေါ်လာ ၄၉၉

အားသာချက်

ပါးလွှာပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်း၊ အသုံးပြုရတာ ကောင်းမွန်တဲ့ ကီးဘုတ်၊ ပြည့်ဝကောင်းမွန်တဲ့ 11Gen Intel CPU စွမ်းဆောင်ရည်၊ 1080p display နဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းရှိတာတွက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက Main stream Laptop တစ်လုံးရဲ့ ပျှမ်းမျှကြာချိန်ထက် လျော့နည်းတာ၊ bloatware တွေများစွာပါဝင်လာတာနဲ့ SSD ရဲ့ ဖိုင်ကူးပြောင်းနိုင်မှု အမြန်နှုန်းက သိပ်အားမရတာတွေက Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

HP Pavilion 14t က ပြိုင်ဘက်မော်ဒယ်တွေထက် ပိုပြီး ပါးလွှာပေါ့ပါးမှုရှိတဲ့ Laptop တစ်လုံး ဖြစ်သလို ဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိတဲ့ Laptop တစ်လုံး ဖြစ်ပါတယ်။ နေ့စဉ် ရုံးသုံး၊ ကျောင်းသုံး အတွက် ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားပြီး ပေးရတဲ့ ဈေးနှုန်းကလည်း သင့်တင့်မျှတမှုရှိတယ်လို့ ဆိုရမှာပါ။ Intel 11 Gen ပါဝင်ပေမယ့် ဈေးနှုန်း တော်တော်လေးသက်သာတယ်လို့ ဆိုနိုင်ပါတယ်။ သင့်အနေနဲ့ ဒီထက် စွမ်းဆောင်ရည်ပိုင်းနဲ့ ဘက်ထရီပိုင်း ပိုကောင်းတာကို သုံးချင်ရင်တော့ ကန်ဒေါ်လာ ၆၉၉ တန် Asus VivoBook S15 က ရွေးချယ်နိုင်ပေမယ့် သင်က ရုံးသုံး၊ ကျောင်းသုံးလောက်သာ အသုံးပြုဖို့ ရည်ရွယ်တယ် ဆိုရင်တော့ ဒီဇိုင်းလှပပြီး ဈေးနှုန်းသက်သာတဲ့ Hp Pavilion 14t က ရွေးချယ်သင့်တဲ့ Laptop တစ်လုံးလို့ ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

HP Pavilion 14t ရဲ့ ၁၄ လက်မရှိတဲ့ Anti-glare Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ 11th Gen Intel Core-i5-1135G7 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel Iris Xe GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB PCIe NVMe SSD တွေ ပါဝင်ပါတယ်။ Bang & Olufsen စပီကာတွေကို ကိုယ်ထည်ရဲ့ အောက်ဘက်ပိုင်းမှာ ထည့်သွင်းထားပြီး အသံထွက်ပိုင်းက ကျယ်လောင်ကောင်းမွန်မှု ရှိတာ ကျေနပ်စရာပါ။ 720p Webcam ကလည်း အွန်လိုင်းဗီဒီယိုဖုန်းခေါ်ဆိုမှု အတွက် အဆင်ပြေလှပေမယ့် အရမ်းကောင်းတယ်လို့တော့ မခံစားရပါဘူး။ ၄.၅x၂.၈ လက်မရှိတဲ့ Touchpad က ကြီးမားသလို တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Windows 10 Guesture စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ USB Type-C ပေါက်၊ USB Type-A ပေါက်၊ microSD ကတ်ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပြီး လုံခြုံရေးအတွက် လက်ဗွေစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

Hp Pavilion 14t ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၅ နာရီနဲ့ ၅၇ မိနစ်ခန့် အသုံးပြုနိုင်တာက ပုံမှန်ရှိသင့်တဲ့ ၉ နာရီ ၁၂ မိနစ်ထက် နည်းတယ်လို့ ဆိုရမှာပါ။ အလေးချိန်ကတော့ ၁.၅ ကီလိုဂရမ် (၃.၄ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: [www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««