HP MFP M227fdw All in One Printer

HP အမှတ်တံဆိပ် MFP M227fdw All in one printer ဖြစ်ပါတယ်။ Laser Jet Pro အမျိုးအစားဖြစ်ပြီး Print, Scan, Copy, Fax စတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ All in One Printer အမျိုးအစားဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ Processor 800MHz နဲ့ Memory 256MB ထောက်ပံ့ပေးထားပါတယ်။ ၂.၇ လက်မ အရွယ် touch screen, LCD (color graphics) Display ထောက်ပံ့ပေးထားပါတယ်။ Laser Jet Pro ဖြစ်တာကြောင့် 2 Color Printer (Black and White) အမျိုးအစား ဖြစ်ပေမယ့် Print Resolution 1200 x 1200 dpi အထိ ရရှိနိုင်ပါတယ်။ Print Speed 28 ppm ဖြစ်ပြီး Legal Size အထိ အကြီးဆုံးထုတ်နိုင်မှာ ဖြစ်ပါတယ်။ စာမျက်နှာ ၃၀,၀၀၀ အထိ Monthly Duty Cycle လုပ်နိုင်စွမ်းရှိတဲ့ အတွက် ရုံးလုပ်ငန်းနဲ့ အငယ်စား အလတ်စား စီးပွားရေး လုပ်ငန်းတွေမှာတောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Scanner ကတော့ Colorful ဖတ်လို့ရမယ့် Flat bet, ADF Scanner အမျိုးအစားဖြစ်ပြီး Scan Resolution မှာလည်း 1200 x 1200 dpi (mono/Flatbet) 600 x 600 dpi (Color/Flatbet) အထိရနိုင်ပါတယ်။ Copier အနေနဲ့ သုံးမယ်ဆိုရင်လဲ Copy Speed 28cpm ဖြစ်ပြီး ကျောကပ်မိတ္တူ တစ်ပြိုင်နက် လွယ်ကူစွာကူးနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ ချိတ်ဆက်မှုအနေနဲ့ Wifi Direct ဖြစ်တဲ့အပြင်HP All in One Remote App ရှိတဲ့ Phone နဲ့ ချိတ်ဆက်ပြီး Print ထုတ်နိုင်တာကြောင့် အသုံးပြုရတာ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။ Window ရော MacOS ရော အသုံးပြုနိုင်တာကြောင့် ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေအတွက် ရွေးချယ်သင့်တဲ့ All in One Printer ဖြစ်ပါတယ်။ အရွယ်အစားက 15.9 x 16 x 12.3 လက်မဖြစ်ပြီး အလေးချိန်က 20.7 lb ရှိပါတယ်။

အမေရိကန် ဒေါ်လာ ၃၈၀ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««