HP LaserJet Pro Color MFP M277n Printer

ရုံး/လုပ်ငန်းသုံး All in One Multifunction Printer ဖြစ်တဲ့ HP LaserJet Pro Color MFP M277n Printer စျေးကွက်ထဲကို ၀င်ရောက်လာပါတယ်။ Print, Copy, Scan, Fax လို စွယ်စုံ အသုံးပြုနိုင်မှာပါ။

Memory 256MB, Processor 800 MHz ပါတဲ့အတွက် ပိုမိုမြန်ဆန်ပါတယ်။ Print & Copy Speed က A4 Size စာရွက်တစ်ရွက်ကို 19ppm ဖြစ်ပါတယ်။ ပုံထွက်အရည်အသွေး 600x 600 dpi (HP ImageRet 3600) အထိ ရရှိနိုင်ပါတယ်။ Scan အတွက် ရောင်စုံ အနေအထားဖြင့် 1200 x 1200 dpi အထိ ရရှိနိုင်ပါတယ်။ Monthly Duty Cycle က ရွက်ရေ သုံးသောင်းကျော် အထိ စွမ်းဆောင်နိုင်ပြီး အလတ်စား လုပ်ငန်းသုံး အထိပါ ရရှိပါတယ်။
ချိတ်ဆက်မှုအပိုင်းမှာလည်း USB2.0,Ethernet 10/100 Base-▪️TX network port, wireless, Fax port ပါ၀င်ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစား 420 x 384 x 322 mm ရှိပြီး အလေးချိန် 15.3kg လေးပါတယ်။ ကန်ဒေါ်လာ 516U$D နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Royal Smart ဖုန်း – ၀၁ ၃၇၉ ၅၆၄ ကနေ တရား၀င် တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ HP အရောင်းကိုယ်စားလှယ်ဆိုင်များမှာ ၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ