HP Envy X360 13-ay0100AU laptop

လူငယ်ဆန်ပြီးခေတ်ဆန်တဲ့ ငွေရောင်နဲ့ ဝင်ရောက်လာတဲ့ HP Envy 13aq-0034TX i5 Laptop ဖြစ်ပါတယ်။ X360 ရဲ့ အရင်တုန်းက Pen တွေမှာ ဘက်ထရီခဏခဏ လဲထည့်ပြီးသုံးရတာတွေရှိပေမယ့် ဒီseries မှာတော့Rechargeable ဖြစ်သွားတာကြောင့် battery မလိုအပ်တော့ပါဘူး။ USB port ကတစ်ဆင့် ပြန်လည် အားသွင်းပြီး အသုံးပြုနိုင်ပါတယ်။

CPU ကို AMD RyzenTM 5 4500U ( 2.3GHz up to 4.0GHz , 8MB Cache ) ထည့်သွင်း အသုံးပြုထားပါတယ်။ RAM ကိုတော့ DDR4 စနစ်နဲ့ 8GB နဲ့ Graphic အတွက် AMD Radeon ထောက်ပံ့ပေးထားပါတယ်။

အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 512 GB PCIe® NVMe™ M.2 SSD ထောက်ပံ့ပေးထားပါတယ်။ ၁၃.၃ လက်မအရွယ် FHD IPS BrightView micro-edge WLED backlit Display ကိုအသုံးပြုထားပြီး Multitouch Screen ဖြစ်တာကြောင့် Tablet ကဲ့သို့ အသုံးပြုနိုင်ပါတယ်။ 360 Degree ခေါက်ချိုးနိုင်ပြီး Finger Print Security လဲ ထောက်ပံ့ပါဝင်ပါတယ်။ 1 Watt Screen ဖြစ်တာကြောင့် Battery စားလဲ ပိုသက်သာလာပါတယ်။HP Control Center ကနေ Performance Setting ၅ ခုချိန်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ 3 Cell Battery ( 51Wh Li-ion ) Battery ထောက်ပံ့ပေးထားသလို အခြားသောစနစ်တွေဖြစ်တဲ့ Wi-Fi, BT 4.2, HP Wide Vision HD Camera , microSD media card reader စတာတွေထောက်ပံ့ပါဝင်ပါတယ်။ အရွယ်အစားက 30.65 x 19.46 x 1.64 cm ရှိပါတယ်။

တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၁၉ ဖြစ်ပြီး မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Royal Smart ဖုန်း – ၀၁ ၃၇၉ ၅၆၄ ကနေ တရားဝင် တင်သွင်းဖြန့်ချိတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ

အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel မှာ Subscription လုပ်ထားဖို့လိုမယ်နော်….