HP Envy x360 13 (2020)

ဈေးနှုန်း – ကန်ဒေါ်လာ ၇၉၉

အားသာချက်

မြင့်မားတဲ့ စွမ်းဆောင်ရည် တောက်ပပြီး ကြည်လင်ပြတ်သားတဲ့ 1080p Display နဲ့ စတိုင်ကျလှပသလို ကျစ်လျစ်တဲ့ အလူမီနီယံကိုယ်ထည်ဒီဇိုင်းက သဘောကျစရာပါ။ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်ပြီး ဈေးကလည်း သုံးရတာ တန်တယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားသာချက်ပါ။

အားနည်းချက်

Thunderbolt 3 ပေါက် မပါဝင်တာနဲ့ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင် အနည်းငယ် ပိုထူပြီး လေးတယ်လို့ ခံစားရတာ ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Envy x360 13 က ဈေးကွက်ထဲက အကောင်းဆုံး ဒေါ်လာ ၁၀၀၀ အောက် Laptop တစ်လုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Clamshell ဗားရှင်း Asus ZenBooks ထက် ပိုမိုကောင်းမွန်ပါတယ်။ ဈေးကိုလျှော့ချနိုင်ဖို့ အလယ်အလတ် m.2 SSD ကို ထည့်သွင်းထားပြီး AMD chips ကို သုံးထားတာဖြစ်တဲ့အတွက် Thunderbolt 3 စနစ်ကို မထောက်ပံ့ပေးနိုင်ပါဘူး။ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်၊ ပရီမီယံဆန်တဲ့ အလူမီနီယံကိုယ်ထည် ဒီဇိုင်းနဲ့ မြန်ဆန်တဲ့ စွမ်းဆောင်ရည် တွေက ထိပ်တန်းအဆင့်လို့ ပြောလို့ရသလို စာရိုက်ရတာ ကောင်းမွန်တဲ့ ကီးဘုတ်နဲ့ အချိန်ကြာကြာသုံးနိုင်တဲ့ ဘက်ထရီစနစ်တွေက ကျေနပ်စရာကောင်းပြီး Spectre x360 13 လိုမျိုး ဈေးနှုန်းချိုသာတယ်လို့ ခံစားရစေပါတယ်။ Envy x360 13 က ဈေးနှုန်းသင့်တင့်တဲ့ ပရီမီယံ Laptop ကို အသုံးပြုချင်သူတွေ အတွက် ထိပ်တန်းရွေးချယ်စရာ Laptop တစ်လုံးပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

ကျဉ်းမြောင်းလှတဲ့ ဘေးဘောင်နဲ့ ၁၃.၃ လက်မရှိတဲ့ Full HD Display က Touchscreen အမျိုးအစား ဖြစ်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 2.1GHz ရှိတဲ့ AMD Ryzen 5 3500U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ AMD Radeon GPU စနစ်တွေထောက်ပံ့ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှု ကတော့ 256GB m.2 SSDs တွေ ပါဝင်ပါတယ်။ Geekbench 4.3 ရဲ့ overall စွမ်းဆောင်ရည်ရမှတ် ၁၉,၀၆၄ ရရှိတာက ပရီမီယံ Laptop တစ်လုံးရဲ့ ပျှမ်းမျှစွမ်းဆောင်ရည် ၁၅,၂၆၀ ရမှတ်ထက် ပိုမြင့်မားတဲ့ ရမှတ်ဖြစ်ပါတယ်။ ကိုယ်ထည်ရဲ့ အောက်ဘက်က စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ပုံမှန်နားထောင်မှု အတွက် ကောင်းမွန်မှုရှိပေမယ့် အသံအကျယ်ဆုံးထိ ဖွင့်နားထောင်မယ်ဆိုရင်တော့ နားဆူသလို ခံစားရပါတယ်။ 720p အမျိုးအစား Webcam ကို တပ်ဆင်ထားပြီး ၄.၄x၂.၅ လက်မ အရွယ်အစား Touchpad ကလည်း တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်လှပါတယ်။ ကိုယ်ထည်ရဲ့ ညာဘက်ဘောင်ထဲမှာ USB 3.1 Type-A ပေါက်၊ microSD ကတ်ပေါက်တွကို ပါဝါပေါက် ဘေးနားမှာ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ USB 3.1 Type-A ပေါက်၊ USB Type-C ပေါက်နဲ့ နားကြပ်ပေါက်တွေ ထည့်သွင်းပေးထားပါတယ်။ လက်ဗွေစနစ်ထောက်ပံ့ပါဝင်ပြီး ကီးဘုတ်စနစ်ထဲမှာထည့်သွင်းထားတဲ့အတွက် ကီးဘုတ်ခလုတ်ကိုနှိပ်ပြီး သုံးရသလို အသုံးပြုရမှာလည်း ဖြစ်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၁ နာရီနဲ့ ၅၂ မိနစ်ခန့် အသုံးပြုနိုင်တာက ဈေးနှုန်းတူ ပြိုင်ဘက်ပရီမီယံမော်ဒယ် Laptop တွေထက် သာလွန်တဲ့ ဘက်ထရီကြာချိန် လို့ ဆိုရမှာပါ။ အလေးချိန်ကတော့ ၁၃ ကီလိုဂရမ် (၂၉ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: [www.Laptopmag.com](http://www.laptopmag.com/)