HP Envy 13-aq1054TX Notebook

HP Envy ကို Intel နဲ့ အသုံးပြုချင်သူတွေ အတွက် ထုတ်ထားတဲ့ HP Envy 13-aq1054TX Notebook ဖြစ်ပါတယ်။ ပေါ့ပါးပြီး စွမ်းဆောင်ရည် မြင့်မားပါတယ်။ Intel ရဲ့ latest generation 10th Gen (i5-10210U ) Processor ကိုအသုံးပြုထားပြီး Frequency Speed ကိုတော့ Turbo Boost 1.6GHz up to 4.2GHz အထိ ရရှိမှာဖြစ်ပါတယ်။ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 8GB ထောက်ပံ့ပေးထားပါတယ်။ ရုပ်ထွက်နဲ့ ဂိမ်းတွေကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် GPU ကိုတော့ NVIDIA Geforce MX 250 2GB နဲ့ရရှိနိင်မှာပါ။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 256 GB PCIe® NVMe™ M.2 SSD ထောက်ပံ့ပေးထားပါတယ် ။ ၁၃.၃ လက်မ အရွယ်အစား Diagonal FHD IPS BrightView micro-edge WLED-backlit Display ကို အသုံးပြုထားတဲ့အတွက် နေရာမရွေး အလင်းရောင်မရွေးမှာ ရုပ်ထွက် အရည်အသွေး ကောင်းမွန်စွာ ရရှိစေမှာဖြစ်တဲ့အပြင် Multi -Touch အနေနဲ့ ထိတွေ့စေခိုင်းနိုင်မှာလည်း ဖြစ်ပါတယ်။ အခြားသော စနစ်တွေအဖြစ် Wi-Fi, BT 5, Type C, USB 3.1× 2, USB 2.0, HP Wide Vision HD Camera, Finger Print , Card Reader စတာတွေ ထောက်ပံ့ပေးထားပါတယ်။

Battery အတွက် 4-cell, 53 Wh Li-ion polymer ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစားက 30.7 x 21.15 x 1.47 cm ဖြစ်ပြီး 1.17kg အလေးချိန် ရှိပါတယ် ။ Royal Smart ဖုန်း – ၀၁ ၃၇၉ ၅၆၄ ကနေ တရားဝင် တင်သွင်းတာဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««