HP Envy 13-aq1054TX

စကရင်အရွယ်အစားကြီးတာကို မကြိုက်သူတွေအတွက် ၁၃.၃ လက်မအရွယ်အစားသာရှိပြီး Multitouch အသုံးပြုနိုင်မယ့် HP Envy 13-aq1054TX ဖြစ်ပါတယ်။ သွားလေရာကို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်အသုံးပြုနိုင်မယ့် စွမ်းဆောင်ရည်မြင့် Laptop ဖြစ်ပါတယ်။ 10th Generation Intel Core i5-10210U Processor( 1.6GHz up to 4.2GHz Turbo Boost, 6MB Cache ) နဲ့ RAM ပိုင်းအတွက် DDR4 memory စနစ်နဲ့ 8GB (onboard) ထောက်ပံ့ပေးထားပါတယ်။ GPU ကိုတော့ NVIDIA Geforce MX 250 2GB နဲ့ရရှိနိင်မှာပါ။ အချက်အလက်တွေ သိမ်းဆည်းဖို့ အတွက် 256 GB PCIe® NVMe™ M.2 SSD ထောက်ပံ့ပေးထားပါတယ် ။ ၁၃.၃ လက်မ အရွယ်ရှိ FHD IPS BrightView micro-edge WLED-backlit display ကို အသုံးပြုထားတဲ့ အတွက် နေရာမရွေး အလင်းရောင်မရွေး ရုပ်ထွက် အရည်အသွေးကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Multitouch-enabled edge-to-edge glass ထောက်ပံ့ပါဝင်တဲ့အတွက် မျက်နှာပြင်ကို ထိတွေ့ စေခိုင်းနိုင်မှာ ဖြစ်ပါတယ်​။ အခြားသော စနစ်တွေအဖြစ် Wi-Fi, BT 5, Type C, USB 3.1× 2, USB 2.0, HP Wide Vision HD Camera စတာတွေ ထောက်ပံ့ပေးထားပါတယ်။ 4 cell ဘက်ထရီအမျိုးအစားကို ထည့်သွင်းအသုံးပြုထားပါတယ်။ အော်ရီဂျင်နယ် Laptop အိတ် ပါဝင်ပါတယ်။ Optical Drive မပါဝင်ပေမယ့် External Disc Drive နဲ့ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရွယ်အစားက 30.7 x 21.15 x 1.47 cm ဖြစ်ပြီး 1.17 kg အလေးချိန် ရှိပါတယ်။

အမေရိကန်ဒေါ်လာ ၁၁၉၁ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Royal Smart ဖုန်း ၀၁- ၃၇၉ ၅၆၄ ကနေ တရားဝင် တင်သွင်းတာဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««