HP Enduser Promotion ပြုလုပ်

ကမ္ဘာကျော် အမေရိကန် Brand တစ်ခုဖြစ်သော HP ၏ မြန်မာပြည်တရားဝင် ဖြန့်ချိရေး ကိုယ်စားလှယ်ဖြစ်သော Royal Smart Trading Co.,Ltd. မှ HP Enduser Promotion တွင် HP ၏ Branded လက်ဆောင်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို နိုဝင် ဘာလ ၃ ရက် မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ အထူး Promotion အနေဖြင့် HP Pavilion 14-n245TX (i5) ကို ယခင်က USD-635 ဖြင့် ရောင်း ချပေးခဲ့ရာမှ ယခုအခါတွင် USD-569 ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့အပြင် HP 14 Series, HP Pavilion Series, HP Envy Series, HP Business Series နှင့် Branded Desktop များကို လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး လက်ဆောင်ပစ္စည်းများအဖြစ် Umbralla, HP Wireless Mouse, HP Headset, HP Wireless Headset, (USD-35) တန် (HP Deskjet Printer, HP Speaker, HP External DVD RW များကို သတ်မှတ် Model အလိုက် ရရှိနိုင်မည် ဖြစ်သည်။ HP ProDesk 400 G1 (i3)(i5) + Monitor ကို ဝယ်ယူသူများအနေဖြင့်လည်း Print, Scan, Copy ၃ မျိုးလုံးရသည့် HP (AIO) Printer တစ်လုံးကို ထပ်မံရရှိမည် ဖြစ်သည်။