HP Elite Dragonfly G2

HP brand commercial series ထဲက highest series ဖြစ်တဲ့ HP Elite Dragonfly ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ ပေါ့ပါးပြီး 360 degree ချိုးချနိုင်ပါတယ်။ Touch စနစ်လဲ သုံးနိုင်တဲ့အတွက် Tablet ပုံစံ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိမိစိတ်ကြိုက် Spec နဲ့ ဆင်နိုင်မှာလည်း ဖြစ်ပါတယ်။

Processor ကို Intel 10 generation i3 မှစပြီး i7 အထိ မှာယူနိုင်ပါတယ်။ Operating system ကို Windows 10 home (or) Windows 10 Pro license နဲ့မှာယူနိုင်ပါတယ်။ HP ဘက်မှ Windows 10 Pro အသုံးပြုဖို့ recommend ပေးထားပါတယ်။Memory အနေနဲ့ up to 16GB အထိ မှာယူနိုင်ပြီး internal storage အနေနဲ့ SSD ကို 128GB မှ စပြီး up to 2TB အထိ ရွေးချယ်မှာယူနိုင်တဲ့အတွက် ကိုယ်လိုချင်တဲ့ performance ရရှိအောင် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Sound system အတွက် Bang & Olufsen system ကို အသုံးပြုပေးထားတဲ့အတွက် ကြည်လင်ပြတ်သားသော အသံစနစ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။ Long life battery type ဖြစ်ပြီး Intel UHD graphic ပါဝင်မှာဖြစ်ပါတယ်။Screen က ၁၃.၃ လက်မ အရွယ်ဖြစ်ပြီး 4K UHD (3840 x 2160), IPS အမျိုးအစားဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ 1kg ဝန်းကျင်သာရှိပါတယ်။ Keyboard မှာ spill resistant အပြင် backlit ပါ ပါရှိပါတယ်။ Security features တွေကိုလည်း စုံလင်အောင် ထည့်သွင်းပေးထားပါတယ်။ 2x USB Type-C 3.0 (3.1 Gen 1), Thunderbolt 3, Power Delivery (PD), USB Type-A 3.0 (3.1 Gen 1), Webcam, Sleep and Charge , HDMI 1.4 , Wi-Fi 802.11ax , Bluetooth 5.0 , Audio jack , External NANO SIM Slot စတာတွေလည်း ထောက်ပံ့ပါဝင်ပါတယ်။

Royal Smart ဖုန်း – ၀၁၃၇၉ ၅၆၄ ကနေ တရားဝင်တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ HP အရောင်းကိုယ်စားလှယ် ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ