HP Chromebook 14 (AMD)

[ Zawgyi ]

ေစ်းႏႈန္း – ကန္ေဒၚလာ ၃၂၉

အားသာခ်က္

ၾကည္လင္ျပတ္သားတဲ့ 1080p Display ၊ အပြန္း၊ အစင္းခံႏုိင္တဲ့ ကိုယ္ထည္နဲ႔ အသုံးျပဳရတာေကာင္းမြန္တဲ့ ကီးဘုတ္စနစ္ေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

စြမ္းေဆာင္ရည္ပိုင္းက အလယ္အလတ္အဆင့္ေလာက္ပဲ ရွိသလုိ ဘက္ထရီကလည္း Chromebook တစ္လုံးမွာ ရွိသင့္တဲ့ၾကာခ်ိန္ထက္ ေလ်ာ့နည္းတယ္လို႔ဆိုရမွာပါ။ ေနာက္တစ္ခုက အသုံးျပဳခ်ိန္ ၾကာလာတာနဲ႔အမွ် Laptop ပူေႏြးလာတာက သူ႔ရဲ႕ အားနည္းခ်က္လို႔ဆိုရပါတယ္။

သုံးသပ္ခ်က္

HP Chromebook 14 က ပထမဆုံး AMD CPU အသုံးျပဳထားတဲ့ Laptop တစ္လုံးလို႔ဆိုရမွာပါ။ ၁၄ လက္မ Display က Touchscreen အမ်ဳိးအစားျဖစ္သလို ႐ုပ္ထြက္ပိုင္းကလည္း ၾကည္လင္ျပတ္သားတာ သေဘာ က်စရာပါ။ ေစ်းေတာ္ေတာ္ေလးတန္တဲ့ ျမင္ကြင္းႀကီးႀကီး Touchscreen Chromebook လိုခ်င္သူေတြအတြက္ ေရြးခ်ယ္စရာ Laptop တစ္လုံးလို႔ ဆိုရမွာျဖစ္ေပမယ့္ ဘက္ထရီပိုင္း ပုံမွန္ Chromebook တစ္လုံးမွာ ရွိသင့္တာထက္ နည္းတာနဲ႔ အသုံးျပဳစဥ္မွာ Laptop ပူေႏြးလာမႈေတြကေတာ့ မ၀ယ္ခင္ ထည့္သြင္း စဥ္းစားသင့္တဲ့ အခ်က္လို႔ဆိုရမွာပါ။

အေသးစိတ္ေဖာ္ျပခ်က္

၁၄ လက္မရွိတဲ့ Display က Touch-screen အမ်ဳိးအစားျဖစ္ၿပီး ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel အထိ ေထာက္ပံ့ေပးႏိုင္ပါတယ္။ AMD A4-9120C Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ AMD Radeon R4 GPU ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 4 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 32 GB eMMC SSD ကို အသုံးျပဳထားပါတယ္။ သူ႔မွာ တပ္ဆင္ထားတဲ့ Webcam က 720p အမ်ဳိးအစားျဖစ္ၿပိး ၄.၅x၂.၃ လက္မ အရြယ္အစား Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈေကာင္းမြန္ပါ တယ္။ Security Lock slot ေပါက္၊ microSD ေပါက္၊ USB 2.0 ေပါက္နဲ႔ USB Type-C ေပါက္
ေတြပါ၀င္ပါတယ္။

ျမင္ကြင္း ေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈ ကို ဘက္ထရီနဲ႔ ၆ နာရီနဲ႔ ၂၃ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၅ ကီလိုဂရမ္ (၃.၄ ေပါင္) ရွိမွာ ျဖစ္ပါတယ္။

Ref: www.laptopmag.com

-ရဲထြဋ္ဝင္း

[ Unicode ]

စျေးနှုန်း – ကန်ဒေါ်လာ ၃၂၉

အားသာချက်

ကြည်လင်ပြတ်သားတဲ့ 1080p Display ၊ အပွန်း၊ အစင်းခံနိုင်တဲ့ ကိုယ်ထည်နဲ့ အသုံးပြုရတာကောင်းမွန်တဲ့ ကီးဘုတ်စနစ်တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

စွမ်းဆောင်ရည်ပိုင်းက အလယ်အလတ်အဆင့်လောက်ပဲ ရှိသလို ဘက်ထရီကလည်း Chromebook တစ်လုံးမှာ ရှိသင့်တဲ့ကြာချိန်ထက် လျော့နည်းတယ်လို့ဆိုရမှာပါ။ နောက်တစ်ခုက အသုံးပြုချိန် ကြာလာတာနဲ့အမျှ Laptop ပူနွေးလာတာက သူ့ရဲ့ အားနည်းချက်လို့ဆိုရပါတယ်။

သုံးသပ်ချက်

HP Chromebook 14 က ပထမဆုံး AMD CPU အသုံးပြုထားတဲ့ Laptop တစ်လုံးလို့ဆိုရမှာပါ။ ၁၄ လက်မ Display က Touchscreen အမျိုးအစားဖြစ်သလို ရုပ်ထွက်ပိုင်းကလည်း ကြည်လင်ပြတ်သားတာ သဘော ကျစရာပါ။ စျေးတော်တော်လေးတန်တဲ့ မြင်ကွင်းကြီးကြီး Touchscreen Chromebook လိုချင်သူတွေအတွက် ရွေးချယ်စရာ Laptop တစ်လုံးလို့ ဆိုရမှာဖြစ်ပေမယ့် ဘက်ထရီပိုင်း ပုံမှန် Chromebook တစ်လုံးမှာ ရှိသင့်တာထက် နည်းတာနဲ့ အသုံးပြုစဉ်မှာ Laptop ပူနွေးလာမှုတွေကတော့ မဝယ်ခင် ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်လို့ဆိုရမှာပါ။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ Display က Touch-screen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ AMD A4-9120C Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ AMD Radeon R4 GPU ထောက်ပံ့ပါ၀င်ပါတယ်။ RAM 4 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32 GB eMMC SSD ကို အသုံးပြုထားပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ Webcam က 720p အမျိုးအစားဖြစ်ပြိး ၄.၅x၂.၃ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါ တယ်။ Security Lock slot ပေါက်၊ microSD ပေါက်၊ USB 2.0 ပေါက်နဲ့ USB Type-C ပေါက်
တွေပါ၀င်ပါတယ်။

မြင်ကွင်း တောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှု ကို ဘက်ထရီနဲ့ ၆ နာရီနဲ့ ၂၃ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၅ ကီလိုဂရမ် (၃.၄ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com