HP All-in-One – 22-df0123d ( i5 )

နေရာအတွက် စဉ်းစားစရာမလိုတဲ့ ‌AIO PC မော်ဒယ်သစ် ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ Windows 10 Home OS , Intel i5-10400T Processor နဲ့ ဖြစ်ပြီး Turbo Boost Technology 12MB L3 Cache Speed အနေနဲ့ 2.0GHz up to 3.6GHz အထိ ရရှိမှာဖြစ်ပါတယ်။ RAM ပိုင်းအတွက် 8GB DDR4 ထောက်ပံ့ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက်ကိုတော့ 512GB PCIe M.2 SSD အသုံးပြုထားပါတယ်။

Graphics ပိုင်းအတွက် NVIDIA GEFORCE MX330 2GB ပါဝင်တာကြောင့် Design သမားတွေ၊ Video Edit လုပ်တဲ့သူတွေအပြင် ဂိမ်းကစားသူတွေအတွက်ပါ အဆင်ပြေစေမှာဖြစ်ပါတယ်။ ၂၁.၅ လက်မ IPS anti-glare WLED-backlit display , Full HD (1920*1080) resolution နဲ့ဖြစ်ပါတယ်။ အခြားသောစနစ် တွေအနေနဲ့ DVD, WLAN, BT4.2, Card Reader, Webcam တို့ပါဝင်ပါတယ်။ ထူးခြားမှုတစ်ခုက webcam မှာ 720 ကို Manual ဆွဲထုတ်ပြီး အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဝယ်ယူတဲ့အခါမှာ HP ရဲ့ Original USB Keyboard & Mouse ပါဝင်ပါတယ်။

အာမခံအနေနဲ့ One Year Local Warranty ပါဝင်မှာဖြစ်ပါတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၇၄၉ နဲ့ ညီမျှတဲ့ မြန်မာငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Royal Smart ဖုန်း – ၀၁ ၃၇၉ ၅၆၄ ကနေ တရားဝင် တင်သွင်းတာဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««