HP 15s-gu0003AU Laptop

ရုံးသုံး ကျောင်းသုံးအပြင် အပြင်းပြေ ဂိမ်းလေးတွေ ကစားချင်သူတွေအတွက် အဆင်ပြေစေမယ့် HP 15s-gu0003AU Laptop ဖြစ်ပါတယ်။ AMD ရဲ့ Ryzen CPU ကို အသုံးပြုထားပြီး Drive မပါတဲ့အတွက် လိုအပ်ရင် USB နဲ့ ချိတ်ဆက် အသုံးပြုရမှာဖြစ်ပါတယ်။ AMD Ryzen™ 5 3500U Processor 515 (2.1 GHz base frequency, up to 3.7 GHz burst frequency, 6 MB cache) နဲ့ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 8GB အထိ ထောက်ပံ့ပေးထားပါတယ်။ AMD Freesync Technology ( AMD Radeon™ Graphics ) ပါဝင်တာကြောင့် အားလပ်ချိန်တွေမှာ ဂိမ်းဆော့ချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 1TB HDD ထောက်ပံ့ပေးထားပါတယ် ။ ၁၅.၆ လက်မ diagonal FHD SVA anti-glare, ▪️micro-edge, WLED-backlit (1920 x 1080 ) Display ကို အသုံးပြုထားတဲ့ အတွက် နေရာမရွေး အလင်းရောင်မရွေးမှာ ရုပ်ထွက် အရည်အသွေးကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခြားသော စနစ်တွေဖြစ်တဲ့ Realtek 802.11a/b/g/n/ac (1×1) Wi-Fi® and Bluetooth® 4.2 combo, USB 3.1× 2, Type-C, HDMI , HP TrueVisions HD Camera, စတာတွေလဲ ထောက်ပံ့ပေးထားပါတယ်။

အမေရိကန်ဒေါ်လာ ၅၁၅ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Royal Smart ဖုန်း – ၀၁ ၃၇၉ ၅၆၄ ကနေ တရားဝင် တင်သွင်းတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««