HP 14s-dk0134AU

ဈေးနှုန်း သင့်တင့်ပြီး ဆယ်စက္ကန့်အတွင်း Windows အတက်မြန်တဲ့ HP အမှတ်တံဆပ် 14s-dk0134AU မော်ဒယ် Notebook ဖြစ်ပါတယ်။ Ryzen 5 3500U AMD Ryzen 3rd Generation ,6MB Cache, 2.1GHz up to 3.1 Burst CPU နဲ့ RAM ပိုင်းအတွက် 8GB ထောက်ပံ့ပေးထားပါတယ်။ Graphic ပိုင်းအတွက်ကိုတော့ AMD Radeon™ Vega 8 Graphics ( FreeSync Ready ) ကို သုံးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့က 512GB PCIe NVMe SSD စနစ်နဲ့ ဖြစ်ပါတယ်။ ၁၄ လက်မ အရွယ်ရှိ FHD IPS BrightView micro-edge WLED-backlit (1920 x 1080) Display ကို အသုံးပြုထားပါတယ်။ အခြားသော စနစ်တွေဖြစ်တဲ့ Webcam, 802.11ac (1×1) Wi-Fi® and Bluetooth® 4.2 combo, SD Card reader, 1 RJ-45; 1 USB 3.1 Gen 1 Type-C™ (Data transfer only, data 5 Gb/s signaling rate); 2 USB 3.1 Gen 1 (Data transfer only); 1 HDMI; 1 headphone/microphone combo; 1 AC smart pin စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။

ဘက်ထရီပိုင်းအတွက်ကိုတော့ 3-cell, 45 Wh Li-ion polymer ထည့်သွင်း အသုံးပြုထားပါတယ်။ ကန်ဒေါ်လာ ၄၈၅ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပြီး Royal Smart ကနေ တရားဝင်တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ HP အရောင်းကိုယ်စားလှယ် ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ