HP 14 Laptop (DF0023CL)

[ Zawgyi ]

ေစ်းႏႈန္း – ကန္ေဒၚလာ ၃၉၉

အားသာခ်က္

1080p Display နဲ႔ ျပည့္ဝေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ရွိတဲ့အျပင္ ကီးဘုတ္အသုံးျပဳရတာ သက္ေသာင့္သက္သာ ရွိတာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

ဂရပ္ဖစ္ပိုင္းအေနနဲ႔ အလယ္အလတ္အဆင့္ေလာက္ပဲ ရွိမွာျဖစ္သလုိ ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈကလည္း ပုံမွန္ေလာက္ပဲရွိတာက ဒီ Laptop ရဲ႕ အားနည္းခ်က္ပဲ ျဖစ္ပါတယ္။

သုံးသပ္ခ်က္

HP 14 Laptop (DF0023CL) က ေစ်းႏႈန္းသက္သာသလို စြမ္းေဆာင္ရည္ပိုင္းနဲ႔ HD အရည္အေသြး Display ေတြက ဘတ္ဂ်က္ Laptop တစ္လုံးအတြက္ ေတာ္ေတာ္ေလး ဆြဲေဆာင္မႈရွိပါတယ္။ 8th-Gen Core i3 processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔က Intel UHD 620 GPU စနစ္ ပဲေထာက္ပ့ံပါ၀င္တာနဲ႔ ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈက ပုံမွန္ၾကာခ်ိန္ေလာက္ပဲ အသုံးျပဳႏုိင္တာကလြဲရင္ သူ႔ ေစ်းႏႈန္းအရေတာ့ ဘတ္ဂ်က္ Laptop အမ်ဳိးအစားထဲက စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ Laptop တစ္လုံးလို႔ဆိုရမွာပါ။

အေသးစိတ္ေဖာ္ျပခ်က္

၁၄ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel အထိ ေထာက္ပံ့ေပးႏိုင္ပါတယ္။ Intel Core i3-8130U Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ Intel UHD 620 GPU ေထာက္ပံ့ ပါ၀င္ပါတယ္။ RAM 4 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 128 GB SSD ကို အသုံးျပဳထားပါတယ္။ ၄.၃ x ၂.၀ လက္မအရြယ္အစား Touchpad ကလည္း အသုံးျပဳရတာ ေခ်ာေမြ႔ေကာင္းမြန္ပါတယ္။ Security lock slot, HDMI ေပါက္နဲ႔ SD Card ေပါက္၊ USB 3.0, USB Type-C ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါ၀င္ပါတယ္။

Display ရဲ႕ ေတာက္ပမႈႏႈန္း 150 nits နဲ႔ WiFi ခ်ိတ္ထားၿပီး အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၆ နာရီနဲ႔ ၁၂ မိနစ္ ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၄ ကီလိုဂရမ္ (၃.၁ ေပါင္) ရွိမွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

စျေးနှုန်း – ကန်ဒေါ်လာ ၃၉၉

အားသာချက်

1080p Display နဲ့ ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့အပြင် ကီးဘုတ်အသုံးပြုရတာ သက်သောင့်သက်သာ ရှိတာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဂရပ်ဖစ်ပိုင်းအနေနဲ့ အလယ်အလတ်အဆင့်လောက်ပဲ ရှိမှာဖြစ်သလို ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကလည်း ပုံမှန်လောက်ပဲရှိတာက ဒီ Laptop ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

သုံးသပ်ချက်

HP 14 Laptop (DF0023CL) က စျေးနှုန်းသက်သာသလို စွမ်းဆောင်ရည်ပိုင်းနဲ့ HD အရည်အသွေး Display တွေက ဘတ်ဂျက် Laptop တစ်လုံးအတွက် တော်တော်လေး ဆွဲဆောင်မှုရှိပါတယ်။ 8th-Gen Core i3 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့က Intel UHD 620 GPU စနစ် ပဲထောက်ပ့ံပါ၀င်တာနဲ့ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ကြာချိန်လောက်ပဲ အသုံးပြုနိုင်တာကလွဲရင် သူ့ စျေးနှုန်းအရတော့ ဘတ်ဂျက် Laptop အမျိုးအစားထဲက စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Laptop တစ်လုံးလို့ဆိုရမှာပါ။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel Core i3-8130U Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD 620 GPU ထောက်ပံ့ ပါ၀င်ပါတယ်။ RAM 4 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128 GB SSD ကို အသုံးပြုထားပါတယ်။ ၄.၃ x ၂.၀ လက်မအရွယ်အစား Touchpad ကလည်း အသုံးပြုရတာ ချောမွေ့ကောင်းမွန်ပါတယ်။ Security lock slot, HDMI ပေါက်နဲ့ SD Card ပေါက်၊ USB 3.0, USB Type-C ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါ၀င်ပါတယ်။

Display ရဲ့ တောက်ပမှုနှုန်း 150 nits နဲ့ WiFi ချိတ်ထားပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၆ နာရီနဲ့ ၁၂ မိနစ် ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၁ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com