How does learning English Online work? ခေါင်းစဥ်ဖြင့် ဟောပြောပွဲ ပြုလုပ်မည်

ဗြိတိသျှကောင်စီရဲ့ myClass အင်္ဂလိပ်စာသင်တန်းဆရာများမှ “How does learning English Online work?” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဟောပြောပွဲပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဟောပြောပွဲကို အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီခွဲမှာ Zoom ကနေတစ်ဆင့် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ဟောပြောပွဲမှာ ဗြိတိသျှကောင်စီရဲ့ myClass အင်္ဂလိပ်စာသင်တန်း အကြောင်းကို ပိုမို လေ့လာသိရှိနိုင်မှာ ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် အင်္ဂလိပ်စာကို ဘယ်လိုထိရောက်စွာ သင်ယူလေ့လာနိုင်သလဲ ဆိုတဲ့ အကြောင်းအရာကိုပါ ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပြီး အသက် ၁၈ နှစ် နဲ့ အထက်ရှိသူတွေ တက်ရောက်နိုင်ပါတယ်။

လူဦးရေအကန့်အသတ်ရှိပြီး https://bit.ly/3jbweVN ကနေ စာရင်းပေးသွင်းတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းပြီးတာနဲ့ ဗြိတိသျှကောင်စီကနေပြီး ပွဲကိုတက်ရောက် နိုင်မယ့် Zoom လင့်ခ်ကို အီးမေးလ်မှတစ်ဆင့် ပေးပို့သွားမှာဖြစ်ပါတယ်။ တက်ရောက်သူတွေအတွက် အထူးအစီအစဉ် အနေနဲ့ ကျောင်းအပ်ရင် ၇၀,၀၀၀ ကျပ်တန်ဖိုးရှိ credit လက်ဆောင်တွေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုပါက Facebook Messenger မှတစ်ဆင့် (သို့မဟုတ်) ဖုန်း – ၀၉၇၆၅၄၃၉၆၀၇ နဲ့ ၀၉၇၆၅၄၃၉၆၀၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««