Housemanship ပါရှိသည့် ဆေးပညာဘွဲ့များအကြောင်း အွန်လိုင်းပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

Housemanship ပါရှိသည့် Newcastle University Medicine Malaysia ၏ ဆေးပညာဘွဲ့များအကြောင်း အွန်လိုင်းပညာရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၉ နာရီခွဲမှ နေ့လယ် ၁၂ နာရီခွဲထိ Zoom မှတစ်ဆင့် ကျင်းပသွားမှာပါ။ Newcastle Universityရဲ့ Official Campusတစ်ခုဖြစ်တဲ့ Newcastle University Medicine Malaysia တက္ကသိုလ်က တာဝန်ရှိသူတွေကိုယ်တိုင် Housemanship နဲ့ သင်ယူနိုင်မယ့် ဆေးပညာဘွဲ့ ဆိုင်ရာ အကြောင်းအရာတွေကို ZOOM Live ကနေ အခမဲ့ ဆွေးနွေးပြောကြားပေးသွားမှာပါ။

Newcastle University Medicine Malaysia ရှိ ဆေးပညာပရိုဂရမ်တွေကို General Medical Council (GMC) UK, Malaysian Medical Council (MMC), Sri Lankan Medical Council (SLMC), The Medical Council of Thailand, Medical Council of India တို့မှ တရားဝင် အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ http://bit.ly/crown_ncmalaysia မှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««