Host-Link Android Box

အိမ်မှာ Flat TV ရှိယုံနဲ့ Microsoft Teams အသုံးပြုပြီး Online Learning ပြုလုပ်နိုင်တဲ့ Host-Link Android Box ဖြစ်ပါတယ်။ Online ကနေ Meeting / Learning / Teaching / Training လုပ်ဖို့အတွက် လဲ Video Conferencing App အမြောက်မြားကို Built-In ထည့်သွင်းပေးထားတာ ဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူနဲ့ ဆရာများအားလုံး အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။

LDDR4 Ram 2GB + eMMC Rom 16GB , LDDR4 Ram 4GB + eMMC Rom 32GB နဲ့ 64GB ဆိုပြီး ၃ မျိုး ဝင်ရောက်လာပါတယ်။ Ram နဲ့ Rom ပမာဏများတာကြောင့် Android Box လေးထဲမှာပဲ Online learning အတွက် မိမိ နှစ်သက်ရာ App တွေ Social media App တွေ နဲ့ BookReader App တွေကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရုပ်သံတွေအတွက်လဲ Resolution 8Kx4K@24Max အထိ Output ရရှိမှာဖြစ်ပြီး အခြား Device တွေလို mp4 တစ်ခုထဲကို အထောက်အပံ့ပေးတာ မဟုတ်ဘဲ mkv,wmv, mpg, mpeg, dat, avi, mov, iso, mp4, rm , jpg အစရှိတဲ့ File Formats အားလုံးကို အထောက်အပံ့ပေးပါတယ်။ HDMI 1 Port / AV Out 1 Port / USB 2 Port (3.0 /2.0) / TF Card Slot (SD card) / RJ45 1 Port (Ethernet interface) စတာတွေလည်း ပါဝင်ပါတယ်။ Wifi ချိတ်ဆက်နိုင်တာကြောင့် Youtube နဲ့ NetFlix အစရှိတဲ့ ဆော့ဖ်ဝဲလ်တွေ ထည့်သွင်းပြီး အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက 4GB/32GB က ၈၅,၀၀၀ ကျပ်ဖြစ်ပြီး 2GB/16GB ကတော့ ၆၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ Laser iT & Mobile Phone ဖုန်း – ၀၆၇၂၄၅၈၈ နဲ့ ၀၉ ၇၉၇ ၉၉၉၉ ၇၀ မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ