Hospital and Health Services Management နှင့်ပတ်သက်သည့် MBA program ကို STI Myanmar University မှ ဖွင့်လှစ်မည်

ဆေးရုံ၊ ဆေးခန်းများ နဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ ပညာရှင်တစ်ယောက်အဖြစ် အောင်မြင်လိုသူများ တက်ရောက်နိုင်တဲ့ အင်္ဂလန်နိုင်ငံ University of Bedfordshire, UK မှ တိုက်ရိုက်ချီးမြှင့်မယ့် MBA (Hospital and Health Services Management) program ကို စက်တင်ဘာလမှာ STI Myanmar University မှာဖွင့်လှစ်မယ်လို့ သိရပါတယ်။

STIMU မှ BA (Hons), BBA and BEng (Hons) ဘွဲ့ရရှိထားတဲ့ ကျောင်းသား ကျောင်းသူများအတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုအထိ လျှောက်ထားနိုင်ပြီး Merit Based Scholarship ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း အထိ ပေးအပ်ထားပြီး မိမိအောင်မြင်ခဲ့တဲ့ Final Year Grade ပေါ်မူတည်ကာ ကန်ဒေါ်လာ ၅၀၀၀ ကျော် (ပေးသွင်းရမည့် fees ၏ ၅၀ ရာခိုင်နှုန်း အထိ) သက်သာနိုင်မှာဖြစ်ပါတယ်။

ပြင်ပမှ လျှောက်ထားသူတွေအတွက် ပညာသင်ဆုအနေနဲ့ Study Grant ကန်ဒေါ်လာ ၃၀၀၀ ရရှိမှာဖြစ်ပြီး မိမိအထက်အရာရှိထံမှ (သို့မဟုတ်) မိမိတက်ရောက်ခဲ့တဲ့ ကျောင်းမှ Professor တစ်ဦးရဲ့ ထောက်ခံပေးထားတဲ့ Recommendation letter နဲ့အတူ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ပညာသင်ဆုတွေကို စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး တစ်လချင်းလစဉ် အရစ်ကျ ပေးသွင်းနိုင်မယ်လို့ သိရပါတယ်။ online learning platform ဖြစ်တဲ့ www.kpn.edu.mm မှ တစ်ဆင့် သင်ကြားမှာဖြစ်ပြီး Face to Face class များ ဖွင့်ခွင့်ရရှိတာနဲ့ တစ်ပြိုင်နက် ပုံမှန်အတိုင်း သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်ကို ဖုန်း-၀၉၉၅၅၁၂၃၄၄၆ (သို့ ) admission@stiedu.net သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««