HOSHI DER Japanese language school ၏ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေးနဲ့ပတ်သက်ပြီး ပညာရေးဆိုင်ရာဆွေးနွေးပွဲကို အောက်တိုဘာ ၆ ရက် ညနေပိုင်းက နေပြည်တော်ရှိ HOSHI DER Japanese language school မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို HOSHI DER Japanese language school ရဲ့ Founder ဆရာမ ဒေါ်ဝင်းသန္တာက ဦးစီး ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ဂျပန်နိုင်ငံသား Mr Naoaki Nambu ( JICA MRTV Project team leader ) က ဂျပန်နိုင်ငံရဲ့ ပညာရေးဆိုင်ရာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ သွားရောက် လုပ်ကိုင် /ပညာသင်ကြားလိုပါက ဆောင်ရ၊ ရှောင်ရမယ့် အချက်များ၊ ဂျပန်လူမျိုးတို့ရဲ့ အလေ့အကျင့်၊ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

သင်တန်းကျောင်းမှ အင်္ဂလိပ်စာ နည်းပြဆရာမဖြစ်သူ ဒေါ်ဝင်းသီတာ အနေနဲ့လည်း ပညာရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ စိတ်ဓာတ်မြင့်မားရေး ဟောပြောချက်များ၊ အင်္ဂလိပ်ဘာသာရပ်နဲ့ အသုံးချ လူမှုဘဝများကို ဆွေးနွေးဟောပြောခဲ့ပါတယ်။