Honor v40 5G မှာ Dimensity 1000+ နဲ့ 50MP ကင်မရာပါဝင်လာ

Huawei ကရောင်းချလိုက်တဲ့ Honor ဟာ ဇန်နဝါရီ ၂၂ ရက်မှာ သီးခြားလွတ်လပ်တဲ့ Honor V40 5G ကိုမိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ Dimentsity 1000+ chipset ပါဝင်ပြီး 50MP ကင်မရာနဲ့ အားသွင်းမြန်ဆန်စနစ်လည်း ပါဝင်လာပါတယ်။

Honor V40 5G မှာတော့ မျက်နှာပြင် ၆.၇၂ လက်မ OLED နဲ့အတူ ထောင့်ကွေးဒီဇိုင်းနဲ့ selfie ကင်မရာ ၂ လုံးကိုတော့ punch hole ထဲထည့်ထားပါတယ်။ မျက်နှာပြင်ကတော့ refresh rate 120Hz နဲ့ 300Hz touch sampling rate အပြင် ရုပ်ထွက်အရည်အသွေး 2676x 1236 pixels နဲ့ဖြစ်ပါတယ်။ ကျောဘက်မှာ အဓိက ကင်မရာက 50MP RYY sensor နဲ့ ဖြစ်ပြီး အရွယ်အစားက 1/1.56” ရှိပါတယ်။ ဒါ့အပြင် pixel အရွယ်က 1.0µm နဲ့ 4-in-1 pixel bin လုပ်ထားပါတယ်။ အခြားကင်မရာကတော့ 8MP ultrawide-angle နဲ့ 2MP ဖြစ်ပါတယ်။ ဒါ့အပြင် laser autofocus လည်းပါဝင်လာပါတယ်။

Honor ဟာ သီးခြားလွတ်လပ်တဲ့ ကုမ္ပဏီဖြစ်လာပါပြီ။ Huawei ကုမ္ပဏီအောက်မှာ ထုတ်လုပ်တဲ့ဖုန်းတွေမှာ ဘက်ထရီ 4,000mAh နဲ့ 66W အားသွင်းစနစ် ပါဝင်လာပါတယ်။ ဒါကြောင့် ဖုန်းကို ၃၅ မိနစ်အတွင်း သုညကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကလည်း အလွန်ကောင်းမွန်ပြီး 50W အထိ ပါဝင်ပြီး ၃၅ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ Huawei Mate 40 Pro စမတ်ဖုန်းနဲ့ မြန်နှုန်းတူပါတယ်။

Honor V40 5G မှာတော့ Magic UI 4.0 နဲ့ Android 10 ပါဝင်လာပါတယ်။ Honor V40 5G မှာတော့ Google Services ပါဝင်မလားဆိုတာ မသိပါဘူး။Honor V40 5G ဖုန်းကို အနက်၊ ငွေ၊ Rose Gold, 8/128GB ဒါမှမဟုတ် 8/256GB မော်ဒယ်ကို ၅၅၆ ဒေါ်လာနဲ့ ၆၂၀ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။ Honor ဟာ ဖုန်းမိတ်ဆက်တဲ့ပွဲအတွင်း Honor MagicBook 14 နဲ့ MagicBook 15 Intel ဗားရှင်းတွေကို မိတ်ဆက်လိုက်ပါတယ်။ အခု laptop အသစ်မှာတော့ ၁၁ ခုမြောက်မျိုးဆက် Intel Core i7 ပရိုဆက်ဆာနဲ့အတူ Nvidia GeForce MX450 graphics card တွေပါဝင်လာပါတယ်။

-စိုးထက်
Ref: GSMArena